မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ…

မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ ခွင့်လွှတ်ချမ်းသာ ပေးခြင်းခံရပေမည်။

ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ ခွင့်လွှတ်ချမ်းသာ ပေးခြင်းခံရပေမည်။

[صحيح بمجموع طرقه] [رواه أبو داود والترمذي وابن ماجه وأحمد]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦး လမ်း၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ တွေ့ဆုံကြသည့်အခါတိုင်း ၎င်းတို့အနက်မှ တစ်ဦးက အခြားတစ်ဦးကို စလာမ်ပေးပြီး လက်ဆွဲနှုတ်ဆက်ပါက ၎င်းတို့၏ ခန္ဓာကိုယ်များ ခွဲခွါသွားခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်မှု ပြီးဆုံးသွားခြင်းမပြုမီပင် ၎င်းတို့နှစ်ဦးမှာ ခွင့်လွှတ်တော်မူခြင်းခံရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

၁။ လူနှစ်ဦးတွေ့ဆုံချိန်တွင် လက်ဆွဲနှုတ်ဆက်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ ၎င်းကို ပြုလုပ်ရန် တိုက်

တွန်းထားခြင်း။

၂။ အလ်မုနာဝီက ဆိုသည်- အကြောင်းပြချက်( ဥပမာ ညာလက်ပြတ်နေခြင်စသည့်) တစ်စုံတစ်ရာမရှိလျှင် ညာလက်ကို ညာလက်ဖြင့် ချိတ်ဆွဲနှုတ်မဆက်မချင်း လက်ဆွဲနှုတ်ဆက်ခြင်း၏ စွန္နသ် ပြည့်စုံခြင်း မရှိပေ။

၃။ စလာမ်ကို ဖြန့်ချီရန် အားပေးတိုက်တွန်းထားခြင်းနှင့် မွတ်စ်လင်မ်ညီနောင်အချင်း

ချင်း လက်ဆွဲနှုတ်ဆက်ခြင်း၏ ကြီးမားသောအကျိုးကုသိုလ်ကို ရှင်းလင်းဖော်ပြထားခြင်း။

၄။ ဟဒီးစ်တော်မှာ ခွင့်မပြုထားသော လက်ဆွဲနှုတ်ဆက်ခြင်း၊ ဥပမာ - သူစိမ်းအမျိုးသမီးအား လက်ဆွဲနှုတ်ဆက်ခြင်းကို ဤဟဒီးစ်တော်မှ ချွင်းချက်အနေဖြင့် ဖယ်ထုတ်ထားသည်။

التصنيفات

ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၏ ထွတ်မြတ်မှုများ။, စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။