إعدادات العرض
အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ…
အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။
အနတ်စ်နှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල தமிழ் دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Oromooالشرح
ဤဩဝါဒတော်၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား အသိပေးမိန့်ကြားထားသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ သားသမီး၊မိဘနှင့် လူသားအားလုံး၏ အချစ်ထက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပိုမချစ်သေးသမျှ ၎င်း၏ အီမာန်ယုံကြည်မှုသည် ပြည့်စုံမည်မဟုတ်သလို၊ အပြစ်ဒဏ်ပေးခြင်းမခံရဘဲ ဂျန္နသ်သုခဘုံသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် အီမာန်ယုံကြည်မှုမျိုးလည်း ရရှိနိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အားချစ်ခြင်းသည် အလ္လာဟ်အရှင်မြတ်ကို ချစ်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ပို့ချသူ၊ အရှင်မြတ်၏ သာသနာတော်ဘက်သို့ လမ်းညွှန်ပြသူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အား ချစ်မြတ်နိုးခြင်းသည် ရှရီအဟ် တရားတော်၏ အမိန့်များကို နာခံပြီး၊ ၎င်း၏တားမြစ်ချက်များကို ရှောင်ကြဉ်မှသာ စစ်မှန်မည်ဖြစ်ပြီး ကဗျာများ သီကုံးဖွဲ့ဆိုခြင်း၊ အခမ်းအနားများ ကျင်းပခြင်း၊ တေးသီချင်းများ သီဆိုခြင်းတို့ကို အချစ်ဟုခေါ်ဆိုခြင်း မဟုတ်ပေ။فوائد الحديث
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အချစ်ထားရန် တာဝန်ရှိပြီး ကိုယ်တော်အား အခြားအဖန်ဆင်းခံ အားလုံးထက်ပို၍ ချစ်မြတ်နိုးရမည်။
အမလ်ကျင့်ဆောင်မှုများသည် အီမာန်ထဲတွင် ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ချစ်မြတ်နိုးခြင်းဟူသည် နှလုံးသား၏ အမလ်ကျင့်ဆောင်မှုပင်ဖြစ်သည်။ ထို့ကြောင့်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို အထက်တွင်တင်ပြထားသည့် အရာများအားလုံးထက် ပိုမချစ်သောသူအား အီမာန်ပြည့်စုံမှုမရှိသေးကြောင်း ငြင်းဆိုထားခြင်းဖြစ်သည်။
အီမာန်ပြည့်စုံမှုမရှိသေးကြောင်း ငြင်းဆိုထားခြင်းသည် အစ္စလာမ်၏ဘောင်အပြင်သို့ ရောက်သွားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
အီမာန်ယုံကြည်မှုသည် စစ်မှန်ပါက ၎င်း၏ လက္ခဏာသည် အီမာန်ရှင်၌ မလွဲမသွေ ပေါ်လွင်နေမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား မိမိကိုယ်မိမိထက်၊ သားသမီး၊ မိဘနှင့် လူသားအားလုံးထက် ပို၍ချစ်မြတ်နိုးရန် တာဝန်ရှိသည်။
တမန်တော်မြတ်အတွက် အသက်ခန္ဓာနှင့် ဥစ္စာပစ္စည်းတို့အား စွန့်လွှတ်စတေးရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ်အား သင်၏ အသက်ခန္ဓာ၊ စည်းစိမ်တို့ထက် ပို၍ချစ်မြတ်နိုးရန် တာဝန်ရှိသည်။
လူတစ်ဦးအပေါ်တွင် တမန်တော်မြတ်၏ စွန္နသ်တော်များကို အားပေးကူညီရန်နှင့် ယင်းအတွက် မိမိ၏ အသက်၊ ဥစ္စာပစ္စည်းနှင့် မိမိတတ်စွမ်းနိုင်သမျှ အားလုံးစွန့်လှူရန် တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤသည် တမန်တော်မြတ်အား ပြည့်စုံသည့် အချစ်ထားခြင်းတွင် ပါဝင်သည့်အတွက်ဖြစ်သည်။ ထို့ကြောင့် အချို့သာသနာ့ပညာရှင်များက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်သည့် - (ဧကန်မလွဲ အသင်၏ရန်သူသည်သာလျှင် အညွန့်တုံးသူ ဖြစ်ချေသတည်း။) (ကုရ်အာန် - ၁၀၈:၃)အာယသ်တော်တွင် ပါရှိသည့် (အသင်၏ရန်သူ) ဟူသည် တမန်တော်အား မုန်းတီးသူများကို ဆိုလိုကြောင်း ဖွင့်ဆိုကြသည်။ ထို့အပြင် အာယသ်တော်၏ဆိုလိုရင်း၌ တမန်တော်မြတ် ယူဆောင်လာသည့် ရှရီအဟ်တရားလမ်းစဉ်ကို မုန်းတီးသူလည်းပါဝင်ပြီး ၎င်းသည် အလုံးစုံသော ကောင်းခြင်းတို့မှ လက်မဲ့ဖြစ်သူပင်ဖြစ်ကြောင်း ဖွင့်ဆိုကြသည်။
ကိုယ်တော်မြတ် မိန့်ကြားထားသည့် (မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ပိုမချစ်သမျှ ) ဟူသည့် ဩဝါဒတော်အရ ကရုဏစိတ်ဖြင့်ချစ်ခြင်း၊ ဂုဏ်ပေးလေးစား၍ ချစ်ခြင်းတို့ ပိုင်ကြောင်း သိရှိရသည်။ ထို့အတူ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာ၏ အရင်းခံကိုအတည်ပြုထားသည်။ ၎င်းသည် သဘာဝကိစ္စတစ်ခုဖြစ်ပြီး မည်သူမှ မငြင်းပယ်နိုင်ပေ။
တမန်တော်မြတ်၏ ဩဝါဒတော်များကို အခြားလူသားအားလုံး၏ စကားများထက် ဦးထိပ်ထားရမည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးတစ်ယောက်အား လူသားအားလုံးထက် ပို၍ချစ်မြတ်နိုးရမည်ဆိုလျှင် ၎င်း၏စကားကို မိမိအပါအဝင် လူသားအားလုံး၏ စကားထက် ပို၍ ဦးထိပ်ထားရမည်ပင်ဖြစ်သည်။