إعدادات العرض
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌…
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Kurdî Hausa Português മലയാളം తెలుగు Kiswahili ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά ភាសាខ្មែរ አማርኛ Malagasy Oromooالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မိမိ၏ မွတ်စ်လင်မ်ညီနောင်တစ်ဦးအား သူ၏ကွယ်ရာ၌ သူ့အားစော်ကားနေခြင်း၊ မကောင်းပြောနေခြင်းတို့ကို တားမြစ်ကာ ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်မှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။فوائد الحديث
မွတ်စ်လင်မ်တို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကား၍ ပြောဆိုခြင်းကို တားမြစ်ထားသည်။
လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလဒ်ရရှိခြင်းဖြစ်သည်။ မိမိညီနောင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသူအား အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်အချင်းချင်းအကြား၌ ညီနောင်စိတ်ဓာတ်နှင့် ကူညီရိုင်းပင်းခြင်းတို့ကို အားပေးသော သာသနာဖြစ်သည်။