ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

ဂျုဗိုင်းရ် ဗင်န် မုသ်ွအင်မ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

ဤဟဒီးဆ်တော်သည် ဆွေမျိုးသားချင်း အဆက်ဖြတ်ပိုင်ခွင့်မရှိကြောင်း အထောက်အထားပင်ဖြစ်သည်။ ထိုသို့အဆက်ဖြတ်ခြင်းသည် ကဗီရဟ် ကြီးလေးသည့်အပြစ်အကုသိုလ်များ အနက်မှဖြစ်သည်။ ဟဒီးဆ်တော်တွင် (ဂျန္နသ်သို့) ဝင်ရောက်ခွင့်ကို ငြင်းဆိုထားခြင်းသည် အဇာဗ် ပြစ်ဒဏ်မခံရဘဲ ဝင်ရောက်ခွင့်ကိုသာဆိုလိုပြီး ဂျန္နသ်သို့ လုံးဝ ဝင်ရောက်ရမည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သို့ လုံးဝဝင်ရောက်ခွင့်မရှိသူ ကာဖိရ် မဟုတ်ပေ။ထို့ပြင် ၎င်းသည် (မုဝဟ်ဟိဒ်) အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်သူဖြစ်နေသ၍ ဂျန္နသ်သုခဘုံသို့ မုချဝင်ရောက်ရမည်ဖြစ်သည်။ သို့သော် ၎င်းကျူးလွန်ခဲ့သည့်အပြစ်နှင့်အညီ ပြစ်ဒဏ်ခံရပြီးမှသာ ဝင်ရောက်ရမည်ဖြစ်သည်။

فوائد الحديث

ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်းသည် ကြီးလေးသည့် အပြစ်အကုသိုလ်များအနက်မှတစ်ခုဖြစ်သည်။ ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်း၏ အန္တရာယ်နှင့် ၎င်း၏ ဆိုးကျိုးများကို ရှင်းလင်းတင်ပြထားသည်။

التصنيفات

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။, ဆွေးမျိုးဆက်ခြင်း၏ ထွတ်မြတ်မှုများ။