إعدادات العرض
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက်…
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Hausa Português Kurdî Kiswahili دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Українська Čeština Magyar Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အာဒါဗ် စည်းကမ်းအချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အမျိုးသားများသည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ကိုင်တွယ်ခြင်းမပြုရန်တားမြစ်ထားသည်။ အရှေ့၊အနောက် ဒွါရနှစ်ခုမှ အညစ်အကြေးများကို ညာဘက်လက်ဖြင့် ဆေးကြောသန့်စင်ခြင်း မပြုရန် တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ညာဘက်ကို မွန်မြတ်သော ကိစ္စများအတွက် သတ်မှတ်ထားသည့်အတွက်ဖြစ်သည်။ ထိုနည်းတူ လူတစ်ဦးသည် မိမိသောက်နေသော ရေခွက်အတွင်းသို့ အသက်ရှုထုတ်ခြင်းကိုလည်း တားမြစ်ထားသည်။فوائد الحديث
သန့်ရှင်းစင်ကြယ်မှု ကဏ္ဍနှင့် ကျင့်ဝတ်ကဏ္ဍများတွင် အစ္စလာမ်သာသနာ၏ ရှေ့ဆောင်လမ်းပြမှုကို ဖော်ပြထားသည်။
အညစ်အကြေးများကို ရှောင်ကြဉ်ရမည်။ အကယ်၍ မလွှဲမရှောင်သာ ကိုင်တွယ်ရမည်ဆိုလျှင်လည်း ဘယ်ဘက်ဖြစ်သာ ကိုင်တွယ်ရမည်။
ညာဘက်၏ မြင့်မြတ်မှုနှင့် ညာဘက်သည် ဘယ်ဘက်ထက် ပို၍မွန်မြတ်ကြောင်းကို ဖော်ပြထားသည်။
အစ္စလာမ့်တရားလမ်းစဉ်၏ ပြည့်စုံမှုနှင့် ယင်း၏ သင်ကြားပို့ချမှုများသည် ပြည့်ဝစုံလင်ကြောင်းကို ဖော်ပြထားသည်။
