ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို…

ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

အစားအသောက်အပေါ် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ခြင်းသည် အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိစေမည့် အကြောင်းခံများတွင်ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ ထိုစားနပ်ရိက္ခာများကို ချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူသည်။

فوائد الحديث

ကျေနပ်နှစ်သက်ခြင်းဟူသည့် ဂုဏ်တော်အား ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသောအရှင်မြတ်အတွက်အတည်ပြုထားသည်။

တစ်ခါတစ်ရံတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုအား စားသောက်ပြီးနောက် ချီးမွမ်းထောမနာပြုခြင်းကဲ့သို့ အနည်းငယ်သော အကြောင်းခံဖြင့်ပင် ရရှိနိုင်သည်။

အနန္တတန်ခိုးးတော်ရှင် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် တိုက်တွန်းထားသည်။ အရှင်မြတ်အား ကျေးဇူးတင်ခြင်းသည် အရှင်မြတ်ကျေနပ်နှစ်သက်ရန် အကြောင်းခံတစ်ခုဖြစ်ပြီး အောင်မြင်မှုနှင့် လက်ခံသဘောတူခြင်းခံရရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

အစားအသောက်ဆိုင်ရာ စည်းကမ်းချက်များအနက် တစ်ချက်ကိုတင်ပြထားသည်။

အလ္လာဟ်အရှင်မြတ်၏ ရက်ရောမှုအား တင်ပြထားသည်။ အရှင်မြတ်သည် သင့်အား ရိုဇီရိက္ခာချီးမြှင့်တော်မူပြီး ထိုအပေါ်ချီးမွမ်းထောမနာပြုခြင်းကြောင့် သင့်အား နှစ်သက်တော်မူသည်။

“အလ်ဟမ်ဒုလိလ္လာဟ်” ဆိုခြင်းသည် စွန္နသ်တော်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

التصنيفات

စားသောက်ခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။