إعدادات العرض
ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ…
ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili ไทย پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം తెలుగు Bosanski ಕನ್ನಡ Kurdî Oromoo Română Soomaali Shqip Српски Українська Wolof Tagalog Moore தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский Македонски አማርኛ bmالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဗလီဝတ်ကျောင်းတော်တွင် ဆွလာသ်ဆောက်တည်ခြင်း၏မွန်မြတ်မှုကို ရှင်းပြတော်မူခဲ့သည်။ မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်မှအပ ကမ္ဘာ့မြေပထဝီ၌ရှိရှိသမျှဗလီများတွင် ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် အကျိုးကုသိုလ်ပို၍ရရှိမည်ဖြစ်သည်။ မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်၌ ဆွလာသ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်ဆောက်တည်ခြင်းထက် ပို၍မွန်မြတ်သည်။فوائد الحديث
မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဗလီ၌ ဆွလာသ်ဆောက်တည်ခြင်းသည် အကျိုးကုသိုလ် ပိုရရှိကြောင်း ဖော်ပြထားသည်။
မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်၌ ဆွလာသ်ဆောက်တည်ခြင်းသည် အခြားဗလီများတွင် ဆွလာသ်ဆောက်တည်ခြင်းထက် အကြိမ်ပေါင်းတစ်သိန်း သာပိုမွန်မြတ်ကြောင်းဖော်ပြထားသည်။