မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့…

မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့ရာတွင် ၎င်းတို့အကြား (သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများဖြစ်ပွားစေရန်) လှုံ့ဆော်နေဆဲဖြစ်သည်။

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့ရာတွင် ၎င်းတို့အကြား (သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများဖြစ်ပွားစေရန်) လှုံ့ဆော်နေဆဲဖြစ်သည်။"

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူခဲ့သည်မှာ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ မုအ်မင်န် ဆွလာသ်ဝတ်ပြုသူများကို ၎င်း၏ကိုးကွယ်မှုသို့ ပြန်ရောက်စေရန် သို့မဟုတ် ရုပ်တုကို စဂျ်ဒဟ်ပြုစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့သော် ၎င်းသည်ဆက်လက်၍ မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကာ၊ ၎င်းတို့အကြား ကွဲလွဲမှုများ၊ မုန်းတီးမှုများ၊ စစ်ပွဲများ၊ ပဋိပက္ခများနှင့် အလားတူဖြစ်ရပ်များ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၌ ၎င်း၏အားထုတ်မှု၊ လုံ့လ၊ လုပ်ဆောင်ချက်နှင့် ကြိုးပမ်းမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

فوائد الحديث

၁။ ရုပ်တုကိုးကွယ်မှုသည် ရှိုင်တွာန်အား ကိုးကွယ်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်း(ရုပ်တုကိုးကွယ်ရန်)ကို ညွှန်ကြားသူနှင့် ဖိတ်ခေါ်သူမှာ ရှိုင်တွာန်ပင်ဖြစ်သည်။ ၎င်း၏ အထောက်အထားမှာ အလ္လာဟ်အရှင်မြတ်က တမန်တော်အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်)နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်တွင် မိန့်ကြားတော်မူထားသည်။ တမန်တော်ကြီးက မိမိဖခင်အား "အို-ချစ်လှစွာသောဖခင်၊ ရှိုင်တွာန်ကို မကိုးကွယ်ပါနှင့်..." ဟူ၍ ပြောကြားခဲ့သည်။

(ကျမ်းတော်မြတ်ကုရ်အာန် ၁၉:၄၄)

၂။ ရှိုင်တွာန်သည် မွတ်စ်လင်မ်များအကြား အငြင်းပွားမှုများ၊ မုန်းတီးမှုများ၊ စစ်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပွားစေရန် အစဉ်တစိုက် အားထုတ်လျက် ရှိသည်။

၃။ အစ္စလာမ်သာသနာရှိ ဆွလာသ်၏ အကျိုး

ကျေးဇူးများအနက်မှတစ်ခုမှာ မွတ်စ်လင်မ်များအကြား ချစ်ခင်မှုကို ထိန်းသိမ်းပေးပြီး ညီနောင်စိတ်ဓာတ်ကို ခိုင်မာအား

ကောင်းစေခြင်း ဖြစ်သည်။

၄။ ဆွလာသ်သည် ရှဟာဒသိုင်းန် (သက်သေခံခြင်နှစ်ခု)နောက်တွင် အစ္စလာမ့်သာသနာ၏ အကြီးမားဆုံးသော အထိမ်းအမှတ်လက္ခဏာဖြစ်သည်။ ထို့ကြောင့် မွတ်စ်လင်မ်များအား "ဆွလာသ်ဝတ်ပြုသူများ" ဟု သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။

၅။ အာရေဗျကျွန်းဆွယ်တွင် အခြားသောဒေသများနှင့်မတူသည့် ထူးခြားချက်များရှိသည်။

၆။ တစ်စုံတစ်ဦးက “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ‘ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ" ဟု မိန့်ကြားခဲ့သော်လည်း အာရဗ်ကျွန်းဆွယ်၏ အချို့ဒေသများတွင် ရုပ်တုကိုးကွယ်မှုများ ရှိနေဆဲဖြစ်သည်” ဟု ဆိုပါက၊ (၎င်း၏အဖြေမှာ )- ဤဟဒီးစ်တွင် အစ္စလာမ့်အောင်နိုင်မှုများနှင့် အစ္စလာမ်သာသနာအတွင်းသို့ လူအုပ်စုများ အစုလိုက်ဝင်ရောက်လာခြင်းကို မြင်တွေ့ရပြီးနောက် ရှိုင်တွာန်၏ စိတ်ထဲတွင် ဖြစ်‌ပေါ်ခဲ့သော မျှော်လင့်ချက်ကင်းမဲ့ခြင်းအကြောင်းကို အသိပေးမိန့်ကြားနေခြင်းဖြစ်သည်။ စင်စစ် ဤဟဒီးစ်သည် ရှိုင်တွာန်၏ မှန်းဆချက်နှင့် မျှော်လင့်ချက်အကြောင်းကို အသိပေးခဲ့ခြင်းဖြစ်သော်လည်း နောက်

ပိုင်းတွင် ထိုအရာနှင့်ဆန့်ကျင်ဘက် ဖြစ်ခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်း၏ နောက်

ကွယ်တွင် အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာအမြော်အမြင်ရှိသော အကြောင်း

ရင်း တစ်ခုခု ရှိနိုင်ပေသည်။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။