إعدادات العرض
ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော…
ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်းတို့အတွက်သာ ဖြစ်၏
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဗလီဝတ်ကျောင်းတော်တွင် ရှိနေစဉ် ရုတ်တရက် ကျေးတောသားတစ်ဦး ရောက်လာပြီး ဗလီထဲ၌ ကျင်ငယ်စွန့်(ဆီးသွား)ရန်ပြုလေ၏။ ရစူလ်တမန်တော်မြတ်၏ ဆွဟာဗဟ်သာဝကတို့က "ရပ်လိုက်ပါ။ ရပ်လိုက်ပါ" ဟု ပြောဆိုကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သူ့ကို မတားဆီးကြနှင့်။ လွှတ်ထားလိုက်ပါ" ဟု မိန့်ကြားတော်မူ၏။ ဆွဟာဗဟ်သာဝကများလည်း သူ ကျင်ငယ် စွန့်(ဆီးသွား) ပြီးသည်အထိ လွှတ်ထားလိုက်ကြ၏။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က က ထိုကျေးတောသားအား ခေါ်၍ "ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်းတို့အတွက်သာ ဖြစ်၏" ဟု (သို့မဟုတ် အလားတူစွာ) မိန့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗီတစ်ဦးအား ရေတစ်ပုံး ယူလာခိုင်းပြီး ယင်း (ကျင်ငယ်စွန့်ရာနေရာ) အပေါ်သို့ လောင်းချစေတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Français Hausa Kurdî Русский Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛ ភាសាខ្មែរ ગુજરાતી Nederlands Македонски ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဗလီအတွင်း၌ မိမိ၏ တပည့်သာဝကများနှင့်အတူ ရှိနေခဲ့သည်။ ထိုအချိန်တွင် ကျေးတော သားတစ်ဦးသည် တောအရပ်မှ ရောက်လာပြီး ဗလီ၏ ထောင့်တစ်နေရာတွင် ထိုင်ကာ ဆီးသွားခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြပြီး "ရပ်လိုက်၊ ဆီးသွားတာရပ်လိုက်" ဟု ပြောဆိုကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "သူ့ကို လွှတ်ထားလိုက်ကြ၊ သူ့ဆီးသွားခြင်းကို မရပ်တန့်လိုက်နှင့်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက ထိုသူ ဆီးသွားပြီးသည်အထိ သူ့ကို လွှတ်ထားလိုက်ကြရသည်။ ထို့နောက် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုကျေးတောသားကိုခေါ်၍သူ့အား- ဧကန်စင်စစ် ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်း စသည်တို့အတွက်သာ ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့လေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗီတစ်ဦးအား အမိန့်ပေးတော်မူခဲ့ရာ ၎င်းသည် ရေပြည့်နေသော ရေပုံးတစ်လုံးကို ယူလာကာ ယင်း ဆီးသွားခဲ့သည့်နေရာကို ဖြည်းညှင်းစွာ ရေလောင်း(ဆေးကြော)ခဲ့လေသည်။فوائد الحديث
ဗလီဝတ်ကျောင်းတော်များကို ဂုဏ်ပေးလေးစားရန်နှင့် ဗလီဝတ်ကျောင်းတော်များနှင့် မသင့်လျော်သောအရာများမှ ၎င်းအား ထိန်းသိမ်းကာကွယ်ရန် အရေးကြီးခြင်း။
နဝဝီက ဤသို့ဆိုသည်- ဤဟဒီးစ်တော်၌ ဗလီဝတ်ကျောင်းတော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အညစ်အကျေးများ၊ အမှိုက်သရိုက်များ၊ တံတွေးများမှ သန့်ရှင်းစင်ကျယ်စေခြင်း၊ အသံကျယ်လောင်စွာစကားပြောခြင်း၊ ခိုက်ရန်ဖြစ်ပွါးခြင်း၊ ရောင်းဝယ်ဖောက်ကားမှုအားလုံးမှ ကင်းစင်စေရန် ပါရှိသည်။
အသိပညာမရှိသူကို အကယ်၍ ၎င်းသည် မထီမဲ့မြင်ပြုသည့်အနေဖြင့် သို့မဟုတ် ခေါင်းမာမှုကြောင့် ဆန့်ကျင်ဘက်ပြုခြင်းမဟုတ်လျှင် ၎င်းအား နူးညံ့သိမ်မွေ့စွာဆက်ဆံပြီး မလိုအပ်သော ခက်ထန်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများမပါဘဲ သူလိုအပ်သည်များကို သင်ကြားပေးရမည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကရုဏာရှိတရားရှိသော သင်ကြားပေးတတ်သူ၊ နူးညံ့သိမ်မွေ့သော ပဲ့ပြင်ဆုံးမသူ၊ စိတ်ရှည်သည်းခံမှုရှိသော ပြုစုပျိုးထောင်ပေးသူတစ်ဦး ဖြစ်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ အိမ်တော်များကို ဆွလာသ်ဝတ်ပြုခြင်း၊ ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်အောင်ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
