إعدادات العرض
တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့်…
တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Português Kurdî മലയാളം Kiswahili অসমীয়া ગુજરાતી دری Nederlands नेपाली پښتو Svenska Кыргызча Română తెలుగు Lietuvių ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Azərbaycan Українська Wolof አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutsch ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂုဏ်ပေးလေးစားထိုက်သော အရာများတွင် ညာဘက်မှ စတင်ခြင်းကို နှစ်သက်ပြီး၊ ဦးစားပေးတော်မူသည်။ ထိုအရာများအနက်အချို့မှာ - ဖိနပ်စီးရာတွင် ညာခြေဖြင့် စတင်စီးခြင်း။ · ဆံပင်နှင့် မုတ်ဆိတ်မွေးကို ဖြီးခြင်း၊ ဖြောင့်အောင်ပြုခြင်း၊ ဆီလိမ်းခြင်း တို့တွင် ညာဘက်မှ စတင်ခြင်း။ · ဝူဿွူပြုလုပ်ရာတွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဘယ်ဘက်ထက် ညာဘက်ကို အရင်ဆေးကြောခြင်း တို့ဖြစ်သည်။فوائد الحديث
အိမာမ်နဝဝီက ဤသို့ဆိုသည်- ဤသည် ရှရီအသ်တရားတော်တွင် အစဉ်အလာတည်ရှိသော စည်းမျဉ်းဥပဒေတစ်ရပ်ဖြစ်သည်။ ထိုစည်းမျဉ်းမှာ- အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ် စသည်တို့ကို ဝတ်ဆင်ခြင်း၊ ဗလီသို့ ဝင်ခြင်း၊ မိစ်ဝါက်တံပူစားခြင်း၊ မျက်စိကာဂျယ်ဆိုးခြင်း၊ လက်
သည်းခြေ
သည်းညှပ်ခြင်း၊ နှုတ်ခမ်းမွှေးညှပ်ခြင်း၊ ဆံပင်ဖြီးခြင်း၊ ချိုင်းမွေးနုတ်ခြင်း၊ ဦးခေါင်းရိတ်ခြင်း၊ ဆွလာသ်ဝတ်ပြုရာတွင် စလာမ်လှည့်ခြင်း၊ ဝူဿွူအစိတ်အပိုင်းများကို ဆေးကြောခြင်း၊ အိမ်သာမှထွက်ခြင်း၊ စားခြင်းသောက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဟဂျရ်အတ်စ်ဝဒ်ကျောက်နက်တော်ကို ထိခြင်း စသည့် ဂုဏ်ပေး လေးစားထိုက်သည့် အမှုကိစ္စများနှင့် ယင်းတို့နှင့်ဆင်တူသော အရာများတွင် ညာဘက်မှ စတင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
သို့ရာတွင်ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော အိမ်သာဝင်ခြင်း၊ ဗလီမှ ထွက်ခြင်း၊ နှပ်ချေးညစ်ခြင်း၊ အရှက်အင်္ဂါကိုဆေးကြောခြင်း၊ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ် စသည်တို့ကို ချွတ်ခြင်းနှင့် ယင်းတို့နှင့်ဆင်တူသော အရာများတွင်မူ ဘယ်ဘက်မှ စတင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဤအရာအားလုံးသည် ညာဘက်၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကြောင့် ဖြစ်သည်။
“ညာဘက်မှစတင်ခြင်းကို နှစ်သက်တော်မူသည်” ဟူသော မိန့်ကြားချက်တွင် - လုပ်ရပ်များကို ညာလက်ဖြင့် (သို့) ညာခြေဖြင့် (သို့) ညာဘက်အခြမ်းမှ စတင်ခြင်းနှင့် ညာဘက်ဖြင့် ပြုလုပ်ခြင်းအားလုံး ပါဝင်သည်။
အိမာမ်နဝဝီက မိန့်ဆိုသည် - အသင် သိနားလည်ထားရမည်မည့်အချက်မှာ - ဝူဿွူပြုလုပ်ရာတွင် ညာဘက်မှ စတင်ခြင်း မွတ်စ်သဟဗ် မဖြစ်သော ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ရှိသည်။ ယင်းတို့မှာ နားရွက်နှစ်ဖက်၊ လက်ဝါးနှစ်ဖက်နှင့် ပါးနှစ်ဖက်တို့ဖြစ်ပြီး ယင်းတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း သန့်ရှင်းမှုပြုရမည်။ (ဆေးကြောရမည်။)
သို့ရာတွင်လက်ဖြတ်ထားသူနှင့် ၎င်းကဲ့သို့သောသူများအတွက် တစ်ချိန်တည်း တစ်ပြိုင်တည်း မဆေးကြောနိုင်ပါက ညာဘက်ကို အရင်ဆေးကြောရမည်။
