ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။

ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် ﷺ မိန့်ကြားတော်မူခဲ့သည်မှာ- မုအ်မင်န် သက်ဝင်ယုံကြည်သူအတွက် ဤဒွန်ယာ လောက၏သက် တမ်းသည် အကျဉ်း ထောင်ကဲ့သို့ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူသည် အမိန့်တော်များကို ဆောင်ရွက်ရန်၊ တားမြစ်ချက်များမှ ရှောင်ကြဉ်ရန် ဆိုသည့် ရှရီအဟ် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူသေဆုံးသွားသောအခါမှသာ ထိုတာဝန်အားလုံးမှ လွတ်မြောက်ကာ အလ္လာဟ်အရှင်မြတ် သူ့အတွက် အဆင်သင့်ပြင်ဆင်ထားတော်မူသော ထာဝရသုခချမ်းသာဆီသို့ ပြောင်းရွှေ့သွားရလေသည်။ သို့သော် ထိုဒွန်ယာသည် ကာဖိရ်‌အတွက်မူ သုခဘုံပမာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိစိတ်နှလုံးသား၏ တပ်မက်မှုများနှင့် စိတ်အလိုဆန္ဒအတိုင်း လိုက်စားပြီး ပြုမူနေထိုင်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူသေဆုံးသောအခါတွင် အလ္လာဟ်အရှင်မြတ် ကိယာမတ်နေ့တွင် အဆင်သင့်ပြင်ထားတော်မူသော မပြတ်တမ်းးခံစားရမည့် ပြစ်ဒဏ်သို့ ပြောင်းရွှေ့ရောက်ရှိလိမ့်မည်။

فوائد الحديث

အိမာမ်နဝဝီကဆိုသည်မှာ- မုအ်မင်န်တစ်ဦးတိုင်း သည် ဤလောကီဘဝ၌ တားမြစ်ထားသော ရမ္မက်ဆန္ဒများမှလည်းကောင်း၊ မနှစ်မြို့ဖွယ်ဖြစ်သော အရာများမှလည်းကောင်း တားမြစ်ခံရသူနှင့် ချုပ်နှောင်ခံရသူဖြစ်သည်။ ထို့ပြင် သူသည် ခက်ခဲလေးလံသော ကောင်းမှုကုသိုလ်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသူလည်း ဖြစ်သည်။ သို့ရာတွင် သူသေဆုံးသောအခါ ထိုအရာများအားလုံးမှ လွတ်မြောက်သွားပြီး အလ္လာဟ်အရှင်မြတ် သူ့အတွက် အဆင်သင့်ပြင်ဆင်ထားတော်မူသော ထာဝရသုခချမ်းသာနှင့် လျော့နည်းမှုမရှိသော စုံလင်ပြည့်စုံသည့် စိတ်ချမ်းသာမှုဆီသို့ ရောက်ရှိသွားသည်။ ကာဖိရ်အတွက်မူ ဤလောကီဘဝ၌ သူလိုချင်သည်ကို ရယူနိုင်သည်။ သို့သော် ၎င်းသည် အနည်းငယ်မျှသာဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာများဖြင့် ရောထွေးနေပေ

သည်။ သူသေဆုံးသောအခါတွင် ထာဝရပြစ်ဒဏ်နှင့် အဆုံးမရှိသော ဒုက္ခဆင်းရဲဆီသို့ ရောက်ရှိသွားသည်။

အိမာမ်ဆင်ဒီက ဆိုသည်မှာ- တမန်တော်မြတ် ﷺ ၏ 'မုအ်မင်န်အတွက် အကျဥ်းထောင်သည်ပမာ' ဟူသော မိန့်ဆိုချက်သည် ထိုမုအ်မင်န်သည် သုခချမ်းသာများ၌ ရှိနေစေကာမူ သုခဘုံသည် သူ့အတွက် သာလွန်ကောင်းမွန်သည်ဟု ဆိုလိုသည်။ ထိုနည်းတူ 'ကာဖိရ်အတွက် သုခဘုံပမာ' ဟူသော မိန့်ဆိုချက်သည် သူသည် ဒုက္ခဆင်းရဲများ၌ ရှိနေစေကာမူ ငရဲဘုံသည် သူ့အတွက် သာလွန်ဆိုးရွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဒွန်ယာလောကသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ တန်ဖိုးမရှိခြင်း။

ဒွန်ယာလောကသည် မုအ်မင်န်များအတွက် စမ်းသပ်မှုနှင့် စစ်ဆေးမှုများရှိရာ နေရာဌာနဖြစ်သည်။

ကာဖိရ်များသည် ၎င်းတို့၏သုခဘုံကို ဤဒွန်ယာ

၌ပင် အလျင်အမြန် ရယူလိုက်သောကြောင့် အာခိရသ်တမလွန်ဘဝရှိ ဂျန္နသ်သုခဘုံနှင့် ယင်း၏နိအ်မသ်သုခချမ်းသာများမှ လက်မဲ့ဖြစ်ခြင်းဖြင့် ပြစ်ဒဏ်ပေးခြင်းကို ခံကြရသည်။

التصنيفات

လောကီစွန့်ခြင်းနှင့် သံသယဖြစ်ဖွယ်ရာများမှ ရှောင်ကြဉ်ခြင်း။, လောကီချစ်စိတ်ကို ရှုံ့ချခြင်း။