إعدادات العرض
ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့ တော်မူသော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။…
ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့ တော်မူသော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။
စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့ တော်မူသော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Português தமிழ் Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी Українська ਪੰਜਾਬੀ دری አማርኛ Malagasy ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဒုအာဆုတောင်းရာတွင် လက်နှစ်ဖက်ကို မြှောက်၍ တောင်းရန် တိုက်တွန်းတော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် (حَيي) - အလွန်ရှက်ရွံ့တော်မူသောအရှင်၊ ချီးမြှင့်ပေးကမ်းခြင်းကို စွန့်လွှတ်ထားခြင်း မရှိသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် မိမိ၏ကျေးကျွန် နှစ်သက်ပျော်ရွှင်စေမည့်အရာများကိုသာ ပြုတော်မူပြီး၊ ထိုကျေးကျွန်အား နစ်နာစေမည့်အရာကို ပြုလုပ်တော်မမူပေ။ (كريم) ဟူသော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်ပြီး၊ မတောင်းလျှင်ပင် ပေးသနားတော်မူသောအရှင်ဖြစ်လျှင် တောင်းခံပါက မည်သို့အခြေအနေရှိမည်ကို စဉ်းစားကြည့်ပါလေ။ အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်က လက်နှစ်ဖက်ကို မြှောက်ပြီးနောက် ဒုအာဆုတောင်းလျှင်၊ ထိုလက်နှစ်ဖက်ကို ဆုတောင်းပြည့်ခြင်း မရှိဘဲ၊ လက်ဗလာဖြင့်လည်းကောင်း ပြန်လည်လွှတ်လိုက်ခြင်းကို ရှက်တော်မူသည်။فوائد الحديث
၁။ လူသားတစ်ဦးသည် အလ္လာဟ်အရှင်မြတ်အပေါ် မိမိ၏ လိုအပ်ချက်နှင့် ခဝပ်ဆည်းကပ်မှုကို ထုတ်ဖော်ပြသလေလေ၊ ထိုသူအတွက် မျှော်လင့်
ချက် ပိုကြီးမားလေလေဖြစ်ပြီး ဒုအာလက်ခံခြင်းခံရရန် ပိုမိုနီးစပ်လေလေ ဖြစ်သည်။
၂။ ဒုအာဆုတောင်းရန် အားပေးတိုက်တွန်းထားခြင်းနှင့် ဒုအာတောင်းစဉ် လက်နှစ်ဖက်ကို မြှောက်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ကြောင်း၊ ၎င်းသည် ဒုအာလက်ခံခြင်းခံရခြင်း၏ အကြောင်းရင်းများတွင် အပါအဝင် ဖြစ်ကြောင်း ဖော်ပြထားသည်။
၃။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်သည် မိမိ၏ကျေးကျွန်များအပေါ်မည်မျှ ကျယ်ပြန့်ကြောင်း ဖော်ပြထားခြင်း။
