إعدادات العرض
“မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။…
“မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။" အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟ် အန်ဟုမာ)က “သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Tiếng Việt Nederlands Kiswahili অসমীয়া ગુજરાતી Magyar ქართული Română ไทย मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتو Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - မည်သည့် မွတ်စ်လင်မ်မဆို၊ သူ့တွင် သေတမ်းစာရေးရန် လိုအပ်သည့်အရာ (အခွင့်အရေး သို့မဟုတ် ဥစ္စာပစ္စည်းများ) အနည်းငယ်မျှဖြစ်ပါစေ၊ သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။ အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ကျွန်ုပ်သည် ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။فوائد الحديث
ဝစွီယသ် (သေတမ်းစာ) ပြုလုပ်ခြင်း၏ တရားဝင်မှုနှင့် ၎င်းအား အမြန်ဆောင်ရွက်ခြင်း၊ ထိုအမိန့်စာ၏ သဘောသဘာဝကို ရှင်းလင်းဖော်ပြခြင်း၊ ရှရီယာဥပဒေမှ ညွှန်ကြားချက်ကို လိုက်နာခြင်း၊ သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ထိုအမိန့်စာနှင့် ၎င်း၏အသုံးခံရမည့်နေရာ (အမွေခံသူများ၊ ပရဟိတလုပ်ငန်းများ စသည်တို့) ကို ထိုးထွင်းသိမြင်နားလည်ခြင်းတို့အတွက် မိမိကို ထိုအမှုကိစ္စမှ အခြားအလုပ်တစ်ခုခုက အလုပ်ရှုပ်စေခြင်းမပြုမီ (ဆောင်ရွက်ထားခြင်း ဖြစ်သည်။)
ဝစွီယသ်၏ အဓိပ္ပါယ်မှာ ကတိကဝတ် (သို့မဟုတ်) ပဋိညာဉ်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးက မိမိသေဆုံးပြီးနောက်တွင် မိမိဥစ္စာဓနရှိ အချို့ကို စီမံခန့်ခွဲရန် အခြားသူတစ်ဦးကို တာဝန်ပေးအပ်ခြင်း၊ သို့မဟုတ် မိမိ၏ အရွယ်မရောက်သေးသော သားသမီးငယ်များကို ကြည့်ရှုစောင့်ရှောက်ရန် တစ်စုံတစ်ဦးကို တာဝန်ပေးခြင်း၊ သို့မဟုတ် မိမိသေဆုံးပြီးနောက်တွင် မိမိပိုင်ဆိုင်ခွင့်ရှိသော မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ရန် အခြားသူတစ်ဦးကို တာဝန်ပေးအပ်ခြင်း ဖြစ်သည်။
ဝစွီယသ်(သေ တမ်းစာ) ( ၃ ) မျိုးရှိသည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်အပ်သော) - ၎င်းမှာ သေဆုံးပြီးနောက် မိမိထံသို့ မိမိ၏ ကောင်းမှုကုသိုလ်ရောက်ရှိစေရန် ကောင်းမှုလမ်းစဉ် သို့မဟုတ် ပရဟိတလုပ်ငန်းများတွင် သုံးစွဲရန်အတွက် မိမိဥစ္စာတစ်စိတ်တစ်ပိုင်းကို ဝစွီယသ်ပြုခြင်းဖြစ်သည်။ ၂။ ဝါဂျစ်ဗ် (မဖြစ်မနေပြုလုပ်ရန် တာဝန်ရှိသော) - ၎င်းမှာ မိမိအပေါ်ရှိ တာဝန်ဝတ္တရားများအတွက် ဝစွီယသ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းတာဝန်များသည် အလ္လာဟ်အရှင်မြတ်နှင့် ဆိုင်သော မထုတ်ဆောင်ရသေးသည့် ဇကာသ်၊ ကဖ်ဖာရာ (အကုသိုလ် အတွက် လျော်ကြေး) နှင့် အခြား ရှရီအသ်တရားတော်၏မူရင်းတွင် ကျေပွန်ရန် လိုအပ်သည့် အခွင့်အရေးများ (သို့မဟုတ်) လူသားများနှင့်ဆိုင်သော အခွင့်အရေးများ၊ ဥပမာ - ကြွေးမြီများ၊ အပ်နှံထားသော ပစ္စည်းများအား ပြန်လည်အပ်နှင်းခြင်းတို့ ပါဝင်သည်။ ၃။ မုဟရ်ရမ် (တားမြစ်ထားသော) - မိမိဥစ္စာ၏ သုံးပုံတစ်ပုံထက် ပိုမို၍ ဝစွီယသ်ပြုလုပ်ခြင်း (သို့မဟုတ်) အမွေဆက်ခံသူမည့်အတွက် ဝစွီယသ်ပြုလုပ်ခြင်းတို့ဖြစ်သည်။
၁။ အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)၏ ထူးကဲမြင့်မြတ်မှု၊ သူ၏ ကောင်းမှုပြုရာတွင် မြန်မြန်ဆန်ဆန်ဆောင်ရွက်မှုနှင့် ဉာဏ်အမြော်အ မြင်ကြီးမားသော ရှရီအဟ်ဥပဒေကိုပြဌာန်းသူ (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ) ၏ နောက်လိုက်မှုပြုခြင်းတို့ကို (ဖော်ပြထားသည်။)
၂။ အိဗ်နု ဒကီးကိလ်အီးဒ်က မိန့်ဆိုခဲ့သည်- နှစ်ညနှင့် သုံးညတွင် ခွင့်ပြုချက်ပေးခြင်းသည် အခက်အခဲနှင့် ကျပ်တည်းမှုကို ဖယ်ရှားပေးရန်ဖြစ်သည်။
၃။ အရေးကြီးသည့် အကြောင်းအရာများကို စာဖြင့် ရေးသား၍ မှတ်သားထားသင့်သည်။ အကြောင်းမှာ ၎င်းသည် အခွင့်အရေးများကို ပိုမိုတိကျခိုင်မာစေပြီး ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်သောကြောင့်ဖြစ်သည်။
التصنيفات
(ဝဆွီယသ်)သေတမ်းစာ။