إعدادات العرض
အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။…
အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။
ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල Azərbaycan മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Malagasy Kinyarwanda Српски Shqip தமிழ் Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာတ်ဝတ်ပြုရာတွင် စဂျ်ဒဟ်၌ လက်နှစ်ဘက်၏အနေအထားမှာ မည်သို့ရှိရမည်ကို ရှင်းပြတော်မူခဲ့သည်။ လက်ဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ကောင်းစွာ ချထားရန်၊ လက်ချောင်းများကို စုစည်းကာ ကိဗ်လဟ်ဘက်သို့ ညွှန်ထားရန်၊ တံတောင်ဆစ်နှစ်ဖက်ကို မြေကြီးနှင့်မထိအောင်အပေါ်သို့ မြင့်တင်ထားပြီး နံဘေးနှစ်ဘက်မှ ခွာထားခြင်းဖြစ်သည်။فوائد الحديث
ဆွလာတ်ဝတ်ပြုသူအပေါ်၌ လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားရန် အရေးကြီးသည်။ လက်ဖဝါးနှစ်ဖက်သည် စဂျ်ဒဟ်ဦးချရာတွင် အသုံးပြုရသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း (၇) ခုတွင် ပါဝင်သော အစိတ်အပိုင်းနှစ်ခု ဖြစ်သည်။
လက်မောင်းနှစ်ဖက်ကို မြေကြီးနှင့်မထိအောင်အပေါ်သို့ မြင့်တင်ထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး သားရဲတိရစ္ဆာန်များကဲ့သို့ လက်ကိုမြေကြီးပေါ် ဖြန့်ခင်းထားခြင်းသည် မက်ရူဟ် (မနှစ်မြို့ဖွယ်ကိစ္စ) ဖြစ်သည်။
အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင် လန်းဆန်းတက်ကြွမှု၊ ခွန်အားနှင့် စိတ်အားထက်သန်မှုကို ဖော်ပြခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
ဆွလားသ်ဝတ်ပြုသူသည် စဂျ်ဒဟ်၏ အင်္ဂါအစိတ်အပိုင်းအားလုံးကို မှီခိုအားထား (မြေကြီးပေါ်တွင် ထိတွေ့ထား) သောအခါ၊ အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် ၎င်း၏ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေးကို အပြည့်အဝ ရရှိသည်။ ( တစ်နည်း အရှင်မြတ်၏ အိဗာဒသ်ဆည်းကပ်မှုတွင် နှစ်မြှုပ်လျက်ရှိသည်။ )
التصنيفات
ဆွလာသ်ဝတ်ပြုရမည့်ပုံစံ။