အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ။ အကယ်၍ အသင်သည်( ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။…

အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ။ အကယ်၍ အသင်သည်( ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ (ထိုင်၍ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။

အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင်သည် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ (ထိုင်၍ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်း။]

الشرح

လိပ်ခေါင်းရောဂါရှိသူ သို့မဟုတ် မတ်တပ်ရပ်ရာတွင် နာကျင်မှုရှိသူနှင့် အလားတူ ခြွင်းချက်မျိုး ရှိသူများအတွက် ဆွလာသ် ဆောက်တည်ရမည့် ပုံသဏ္ဌာန်ကို ဤမြင့်မြတ်လှသည့် ဟဒီးဆ်တော်က ရှင်းပြထားသည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က မိန့်ကြားတော်မူသည်မှာ- ဧကန်အမှန် ဆွလာသ်၏ မူလအခြေအနေမှာ မတ်တပ်ရပ်၍ ဆောက်တည်ခြင်းဖြစ်သည်။သို့သော် မတ်တပ်ရပ်ရန် မတတ်စွမ်းနိုင်သည့် အခြေအနေမျိုးတွင် ထိုင်၍ ဆွလာသ်ဆောက်တည်ရမည်။ ထိုင်၍ ဆွလာသ်ဆောက်တည်ရန် မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ရမည် ဖြစ်သည်။

فوائد الحديث

ဖရ်ဿွ်ဆွလာသ်များတွင် နာမကျန်းဖြစ်နေသူတစ်ဦး ဆောက်တည်ရန်အတွက် သတ်မှတ်ထားသော ဆွလာသ်၏ အဆင့်များကို အလေးထားရန် အရေးကြီးသည်။ ဖရ်ဿ်ွဆွလာသ်များတွင် မတ်တပ်ရပ်ခြင်းသည် ဆွလာသ်၏ ဖရ်ဿ်ွအချက်များတွင် ပါဝင်နေသဖြင့် အကယ်၍ မှီ၍ဖြစ်စေ၊ သို့မဟုတ် တုတ်တစ်ချောင်းကို အားပြု၍ဖြစ်စေ၊ သို့မဟုတ် နံရံကိုဖြစ်စေ သို့မဟုတ် အခြားအရာတစ်ခုခုကိုမှီ၍ဖြစ်စေ မတ်တပ်ရပ်နိုင်ပါက မတ်တပ်ရပ်၍ ဆောက်တည်ရန် ထိုသူ့အပေါ် တာဝန်ရှိသည်။

အကယ်၍ မတ်တပ် မရပ်နိုင်လျှင် သို့မဟုတ် မတ်တပ်ရပ်ရန် အခက်အခဲရှိလျှင် တစ်စုံတစ်ရာကို မှီ၍ဖြစ်စေ ထိုင်ကာဆောက်တည်ရမည်။ ရုကူးအ်(ဦးညွှတ်ခြင်း) နှင့် စဂ်ျဒဟ်(ဦးချခြင်း)တို့အား တတ်စွမ်းနိုင်သမျှ ပြုလုပ်ရမည်။ အကယ်၍ မထိုင်နိုင်လျှင် သို့မဟုတ် ထိုင်ရန် အခက်အခဲရှိလျှင် လဲလျောင်း၍ ဆောက်တည်ရမည်။ ညာဘက် နံဘေးပေါ်တွင် လဲလျောင်းကာ ဝတ်ပြုခြင်းသည် ပို၍မွန်မြတ်သည်။

အကယ်၍ ကိဗ်လဟ်ဘက်သို့ (ခြေစင်းကာ) ပက်လက်အနေအထားဖြင့် ဆွလာသ် ဆောက်တည်လျှင်လည်း မှန်ကန်မှုရှိသည်။ အကယ်၍ ဤကဲ့သို့ ဆောက်တည်ရန် မစွမ်းနိုင်ပါက မိမိ၏ဦးခေါင်းဖြင့် အမူအရာပြုလုပ်ကာ ဆောက်တည်ရမည်။ ဦးချခြင်းသည် ဦးညွှတ်ခြင်းထက် ပိုနိမ့်သဖြင့် ဖရ်ဿ်ွ နှစ်ခုအား ကွဲပြားစေရန်အတွက် စဂ်ျဒဟ် ဦးချသည့် အမူအရာသည် ရုကူးအ် ဦးညွှတ်သည့် အမူအရာထက် ပို၍အောက်နိမ့်ရမည်။

(မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း၊လဲလျောင်းခြင်း စသည့်) အခြေအနေတစ်ခုမှ ပိုလွယ်ကူသည့် အခြေအနေသို့ ပြောင်းလဲခြင်းသည် မတတ်စွမ်းနိုင်သည့်အခါ သို့မဟုတ် ပထမအခြေအနေ အတိုင်းဆောက်တည်ရန် အခက်အခဲဖြစ်သည့်အခါမျိုးတွင်သာ ဆောင်ရွက်ရမည်။ အဘယ်ကြောင့်ဆိုသော် အခြေအနေတစ်ခုမှ နောက်အခြေအနေတစ်ခုသို့ ပြောင်းလဲခွင့်သည် မတတ်စွမ်းနိုင်မှုဖြင့် ကန့်သတ်ထားသောကြောင့် ဖြစ်သည်။

ဆွလာသ်တွင် ‘ခုရှူအ်’ ကျိုးနွံမှုပျောက်စေသည့် အတိုင်းအတာထိ အခက်အခဲဖြစ်လာမှသာ ဖရ်ဿ်ွ ဆွလာသ်ကို ထိုင်၍ ဆောက်တည်ခွင့် ပေးထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးနွံမှုသည် ဆွလာသ်၏ အကြီးမားဆုံး ရည်ရွယ်ချက်တစ်ခုဖြစ်သည်။

ဖရ်ဿွ် ဆွလာသ်ကို ထိုင်၍ ဆောက်တည်ခွင့်ရစေသည့် အကြောင်းပြချက်များစွာရှိပြီး မကျန်းမာခြင်း တစ်ခုတည်းအတွက်သာ ခွင့်ပြုထားသည်မဟုတ်ပေ။ ဥပမာ- အပြင်သို့မထွက်နိုင် လောက်အောင်အမိုးနိမ့်နေခြင်း၊ လိုအပ်လာပါက သင်္ဘော သို့မဟုတ် ကား သို့မဟုတ် လေယာဉ်ပေါ်တွင် ထိုင်၍ ဆွလာသ် ဆောက်တည်ခြင်း၊ မတ်တပ်မရပ်နိုင်ခြင်း စသည်တို့သည်လည်း ခွင့်ပြုထားသော အကြောင်းပြချက်များပင်ဖြစ်သည်။

အသိဉာဏ်ရှိနေသရွေ့ ဆွလာသ် ဆောက်တည်ရန် တာဝန်ရှိနေမည်ဖြစ်သည်။ထို့ကြောင့် ရောဂါသည်တစ်ဦးသည် မိမိဦးခေါင်းဖြင့် အမူအရာပြုကာ မဆောက်တည်နိုင်လျှင် မျက်လုံးများဖြင့်အမူအရာပြုကာ ဆောက်တည်ရမည်။ ရုကူအ်အတွက် အနည်းငယ်နိမ့်ချပြီး စဂ်ျဒဟ်ကို ထို့ထက်ပို၍နိမ့်ချရမည်။ အကယ်၍ မိမိနှုတ်ဖြင့်ကိရာအသ် ရွတ်ဖတ်နိုင်လျှင် ဖတ်ရမည်။နှုတ်ဖြင့် မရွတ်ဖတ်နိုင်ပါက စိတ်ထဲမှ ဖတ်ရမည်။ မိမိ၏မျက်လုံးဖြင့် အမူအရာ ပြုကာ ဆောက်တည်နိုင်စွမ်းမရှိလျှင် စိတ်နှလုံးသားဖြင့် ဆွလာသ်အတွက်နိယသ်ပြုလိုက်ရမည်။

ဟဒီးဆ်တော်၌ လာရှိသည့် ယေဘုယျသဘောအရ ထိုင်၍ဆွလာသ်ဆောက်တည်သူသည် မိမိအလိုရှိသည့်ပုံစံအတိုင်း ထိုင်နိုင်သည်။ ဤအပေါ် သာသနာ့ပညာရှင်များအားလုံး တညီတညွတ်တည်းပင်ဖြစ်သည်။ သို့သော် မွန်မြတ်မှုနှင့်ပတ်သက်၍ ပညာရှင်များကြား၌ ကွဲလွဲမှုရှိကြသည်။ ‘ဂျွမ်ဟူးရ်’သာသနာ့ပညာရှင် အများစုထံတွင် ထိုင်လျက် ဆွလာသ်ဆောက်တည်သူသည် ရပ်ရမည့်နေရာနှင့် ဦးညွှတ်ရာမှ ပြန်ထရာတွင် တင်ပျဉ်ခွေထိုင်၍ ဆောက်တည်ရမည်။ စဂ်ျဒဟ်မှ ပြန်ထရာတွင် ရာတွင် (ဘယ်ခြေကိုခင်းကာ ညာခြေကိုထောင်လျက်) ထိုင်ရမည်။

ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို တတ်စွမ်းနိုင်မှုနှင့်စွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ ဆောင်ရွက်ရမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးခြင်းမရှိပေ။

အစ္စလာမ့် ရှရီအဟ် တရားလမ်းစဥ်၏ လွယ်ကူမှုနှင့် သက်ညှာမှုကို ဖေါ်ပြထားသည်။ ဤသည်နှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ (ထို့ပြင် အရှင်မြတ်သည် အသင်တို့ အပေါ်တွင် ဒီန်သာသနာတော်၌ မည်သည့် ကျပ်တည်း ခဲယဉ်းမှုကိုမျှ ပြုလုပ်တော်မမူခဲ့ပေ။) ကုရ်အာန် (၂၂:၇၈)

(အလ္လာအရှင်မြတ်သည် အသင်တို့၏ ဝန်ကိုလျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။) ကုရ်အာန် (၄:၂၈) အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ်ထားရှိသော ကရုဏာတော်သည် ကျယ်ဝန်းလှပေသည်။

အထက်တွင် ဖေါ်ပြထားသော အချက်များသည်ဖရ်ဿ်ွဆွလာသ်နှင့်သာ သက်ဆိုင်သည့် အမိန့်ပညတ်ချက်ဖြစ်သည်။ နဖ်လ် ဆွလာသ်တွင် မည်သည့် အကြောင်းပြချက်မျှမရှိဘဲ ထိုင်၍ ဆောက်တည်ခွင့်ရှိသည်။ အကယ်၍ ခိုင်လုံသည့် အကြောင်းပြချက်ရှိလျှင် ဆွလာသ်၏ အကျိုးကုသိုလ် အပြည့်အဝရရှိမည်ဖြစ်ပြီး ခိုင်လုံသည့် အကြောင်းပြချက်မရှိလျှင် အခြားဟဒီးဆ်တော်တွင် ဖော်ပြထားသည့်အတိုင်း မတ်တပ်ရပ်၍ ဆောက်တည်သူထက် အကျိုးကုသိုလ် တစ်ဝက်လျော့နည်းမည်ဖြစ်သည်။

التصنيفات

ခြွင်းချက်ရှိသူတို့၏ ဆွလာသ်။