တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي…

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်သည့်နေရာသို့ ဝင်ရောက်ရန် ရည်ရွယ်သောအခါ ရှိုင်သွာန်အထီးအမတို့၏ ဘေးအန္တရာယ်မှ မိမိအားကာကွယ်ပေးရန်အတွက် အရှင်မြတ်ထံတော်ပါးတွင် အကာအကွယ်နှင့် ခိုလှုံမှုကို တောင်းခံတော်မူသည်။ (ခုဗုစ်)နှင့် (ခဘာအိစ်)ကို အန္တရာယ်၊ အညစ်အကြေးများဟုလည်း ဖွင့်ဆိုကြသည်။

فوائد الحديث

အိမ်သာသို့ဝင်ရန် ရည်ရွယ်‌သောအခါ ဤတောင်းဆုကို ရွတ်ဆိုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

အဖန်ဆင်းခံအားလုံးသည် မိမိတို့အား ဒုက္ခပေးမည့် အရာများနှင့် အခြေအနေတိုင်းတွင် ဆိုးကျိုးဖြစ်ပေါ်စေမည့် အရာအားလုံးမှ ဖယ်ရှားပေးရန် မိမိတို့၏အရှင်သခင်ဖြစ်သော အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တောင်းခံရမည်။

التصنيفات

အပေါ့၊အလေးစွန့်ခြင်းဆိုင်ရာ အာဒါဗ်စည်းကမ်းများ။