ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ်…

ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။

အွမ်မု အသွိယဟ် ( ရဿွိယလ္လာဟုအန်ဟာ ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။

[صحيح] [متفق عليه]

الشرح

အွမ်မုအသွိယဟ် အလ်အန်ဆွာရိယဟ် ( ရဿွိယလ္လာဟု အန်ဟာ )ကတင်ပြခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား ဂျနာဇဟ်နှင့်အတူ လိုက်ပါခြင်းမှ တားမြစ်‌တော်မူခဲ့သည်။ ထိုသို့တားမြစ်ရခြင်းမှာ အမျိုးသမီးများအတွက်လည်းကောင်း၊ အမျိုးသမီးများကြောင့်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော ဖိသ်နဟ်များကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ပြင် သူမတို့၏ သည်းခံနိုင်စွမ်း နည်းပါးခြင်းကြောင့်လည်းဖြစ်သည်။ ထို့နောက် အွမ္မုအသွိယဟ်သခင်မက ဆက်လက်တင်ပြသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားသော တားမြစ်ချက်များတွင် ပြုလုပ်လေ့ရှိသကဲ့သို့ ဤတားမြစ်ချက်ကို တင်းတင်းကျပ်ကျပ် မပြုလုပ်ခဲ့ ပေ။

فوائد الحديث

အမျိုးသမီးများအား ဂျနာဇဟ်‌နောက်သို့ လိုက်ပါခြင်းမှ တားမြစ်ထားသည်။ ဤတားမြစ်ချက်သည် ဂျနာဇဟ်အား အလောင်းကို ပြင်ဆင်ရာနေရာ၊ ဂျနာဇဟ်ဆွလာသ် ဝတ်ပြုရာနေရာနှင့် ဒဖန်ပြုလုပ်မည့် ကဗရ်စသာန်သို့ လိုက်ပါခြင်းအထိ ယေဘုယျအားဖြင့် အကျုံးဝင်သည်။

တားမြစ်ချက်၏ အကြောင်းရင်းမှာ အမျိုးသမီးများသည် ဤကဲ့သို့သော ဝမ်းနည်းဖွယ်ရာများကို မြင်တွေ့ရခြင်းနှင့် စိတ်ထိခိုက်ဖွယ် အခြေအနေများကို ခံစားနိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရံဖန်ရံခါ သူမတို့ထံမှ မဖြစ်မနေ စွဗရ်ပြုသည်းခံရမည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မကျေနပ်ခြင်းနှင့် သည်းခံမြိုသိပ်နိုင်စွမ်းမရှိခြင်းကဲ့သို့သောအပြုအမူများ ပေါ်ပေါက်လာနိုင်ခြေရှိသည်။

တားမြစ်ချက်၏ မူလအခြေခံအမိန့်မှာ ဟရာမ်အဖြစ်သတ်မှတ်ခြင်းဖြစ်သော်လည်း အွမ္မုအသွိယဟ် (ရဿွိယလ္လာဟု အန်ဟာ ) သည် အမျိုးသမီးများအား ဂျနာဇဟ်‌နောက်သို့ လိုက်ပါခြင်းမှ တားမြစ်ထားသော်လည်း ထိုတားမြစ်ချက်သည် ခိုင်မာပြင်းထန်သည့် တားမြစ်ချက်မဟုတ်ဟု အခြေအနေအရ နားလည်သဘော‌ပေါက်ခဲ့သည်။ သို့ရာတွင် ဤဟဒီးဆ်ထက် ပိုမိုတင်းကျပ်စွာ ဂျနာဇဟ် နောက်သို့လိုက်ပါခြင်းမှ တားမြစ်ကြောင်း ဖော်ပြထားသော အခြားဟဒီးဆ်များလည်း ရှိပေသည်။

التصنيفات

စကားလုံးများ၏ အဓိပ္ပါယ်များနှင့် ကောက်နုတ်ပုံ နည်းလမ်း။, သင်္ချိုင်းများကို ဇိယာရသ်ပြုခြင်း။