မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ်‌ တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို…

မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ်‌ တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုလျှင် ဆွလာသ်အချိန်တိုင်းတွင် မိစ်ဝါးက်တံပူတိုက်ဖို့ မုချငါကိုယ်တော် အမိန့်ပေးတော်မူမည်ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ်‌ တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုလျှင် ဆွလာသ်အချိန်တိုင်းတွင် မိစ်ဝါးက်တံပူတိုက်ဖို့ မုချငါကိုယ်တော် အမိန့်ပေးတော်မူမည်ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အကယ် ၍ ကိုယ်တော်သည် မိမိအွမ္မသ်‌နောက်လိုက်သားများအနက် မုအ်မင်န်ယုံကြည်သူများအခက်အခဲနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခြင်းမရှိခဲ့လျှင်၊ကိုယ်တော်သည် ၎င်းတို့အား ဆွလားသ်တိုင်းအတွက် မိစ်ဝါက်သုံးစွဲရန် မဖြစ်မနေ တာဝန်ပေးအပ်ပြဋ္ဌာန်းခဲ့မည် ဖြစ်သည်။

فوائد الحديث

၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏အွမ္မသ်နောက်လိုက်သားများအပေါ် အလွန်သနားကြင်နာတော်မူပြီး၊ ၎င်းတို့ အခက်အခဲနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်တော်မူခြင်း။

၂။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မိန့်မှာချက်သည် မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်အဖြစ် ညွှန်ပြသည်။ သို့ရာတွင် ထိုသို့မဟုတ်ကြောင်း (ဖရဿ်ွတာဝန်မဟုတ်ဘဲ) နဖိလ်(ပြုလုပ်လျှင် အကျိုးစဝါးဗ်ရပြီး မလုပ်လျှင် အပြစ်မထိုက်သည့် အမလ်) သာလျှင်ဖြစ်ကြောင်း သက်သေပြသည့် အထောက်အထားရှိလျှင်မူ ၎င်းအား နဖိလ်အဖြစ် သတ်မှတ်နိုင်သည်။

၃။ ဆွလာသ်တိုင်းအတွက် မိစ်ဝါးက်သုံးစွဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်ခြင်းနှင့် ယင်း၏အကျိုးကျေးဇူးများ။

၄။ အိဗ်နုဒကီကိလ်အီဒ်က ဤသို့ ဖွင့်ဆိုခဲ့သည် - ဆွလာသ်ဝတ်ပြရန်အတွက် ထသောအချိန်တွင် မိစ်ဝါးက်တံပူဖြင့် တိုက်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်ရခြင်း၏ ဟိက်မသ်ဉာဏ်အမြှော်မြင်မှာ ဆွလာသ်သည် အလ္လာဟ်အရှင်မြတ်ထံ နီးစပ်ရန် ချဉ်းကပ်ရသောအခြေအနေဖြစ်သောကြောင့်၊ အိဗာဒသ်ခဝပ်ဆည်းကပ်မှု၏ ထူးကဲမြင့်မြတ်မှုကို ထင်ရှားစေရန် အတွက် ပြည့်ဝစုံလင်ခြင်းနှင့် သန့်ရှင်းခြင်း အခြေအနေ၌ ဖြစ်ရန်လိုအပ်သည်။

၅။ ဤဟဒီးဆ်၏ ယေဘုယျအဓိပ္ပာယ်တွင် ဆွိယာမ်ဥပုသ်‌စောင့်ထိန်းထားသူများအတွက်လည်း မစ်ဝါးက်တံပူတိုက်ခြင်း ပါဝင်ပါသည်။ ထိုသို့ မစ်ဝါးက်တံပူတိုက်ခြင်းကို မွန်းလွဲချိန် နောက်ပိုင်းတွင်လည်းပြုလုပ်နိုင်သည်။ ဥပမာ ဇုဟုရ်နှင့်အဆွရ် ဆွလားသ်များတွင်လည်း မိစ်ဝါးက်တံပူ တိုက်နိုင်သည်။

التصنيفات

တမန်တော်မြတ်(ﷺ)၏ ရုပ်ဆင်းအင်္ဂါတော်။