إعدادات العرض
''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊…
''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းသူအား သက်သာချောင်လည်ခွင့်ပေးပါ သို့မဟုတ် သူ၏အကြွေးကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို) ပယ်ဖျက်ပေးလိုက်ပါ။''
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)မှ ဆင့်ပြန်လာရှိသည်မှာ သူသည် သူ့ထံမှ ချေးငှားထားသူကို ရှာဖွေနေခဲ့သည်။ ထိုသူသည် ပုန်းအောင်းနေခဲ့၏။ ထို့နောက် ထိုသူ့အား တွေ့ရှိခဲ့ပြီး ထိုသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပါသည်" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါဟု ပြောဆိုခဲ့သည်။ ထိုသူက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ထိုအခါ အဗူကသာဒဟ်က ပြောခဲ့သည်မှာ - "ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းသူအား သက်သာချောင်လည်ခွင့်ပေးပါ သို့မဟုတ် သူ၏အကြွေးကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို) ပယ်ဖျက်ပေးလိုက်ပါ။''
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Српски Yorùbá Malagasy Kinyarwanda Shqip தமிழ் Oromooالشرح
အဗူကသာဒဟ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့ထံမှ ချေးငှားထားပြီး ပုန်းအောင်းနေသူတစ်ဦးကို ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် သူ့ကို တွေ့ခဲ့သည်။ ချေးငှားသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပြီး သင့်အကြွေးကို ပြန်ဆပ်ရန်အတွက် ဘာမှမရှိပါ" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား မိမိထံ မည်သည့်ငွေကြေးဥစ္စာ တစ်စုံတစ်ရာမျှ မရှိကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောခိုင်းခဲ့သည်။ ထိုသူက အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ သူအမှန်ပြောနေကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ပြောခဲ့သည်မှာ - ကျွန်ုပ်သည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၏ စိုးရိမ်ပူပန်မှုများ၊ ခက်ခဲပြင်းထန်မှုများနှင့် ကြောက်မက်ဖွယ်ရာများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းနေသူအား အကြွေးကို နောက်ဆိုင်းပေးခြင်း သို့မဟုတ် အကြွေးအချို့ သို့မဟုတ် အားလုံးကို လျှော်ပစ်ခြင်းအားဖြင့် ၎င်းအား သက်သာချောင် လည်ခွင့် ပေးပါ။"فوائد الحديث
၁။ ခက်ခဲကြပ်တည်းသူအား ချောင်လည်လာသည်အထိ အချိန်ဆိုင်းပေးခြင်း သို့မဟုတ် သူ၏အကြွေးအားလုံး သို့မဟုတ် အချို့ကို လျှော်ပစ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
၂။ မည်သူမဆို မုအ်မင်န် ယုံကြည်သူတစ်ဦးအား လောကီဒုက္ခများမှ လွှတ်မြောက်စေလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကိယာမတ်နေ့၏ ဒုက္ခဆင်းရဲများမှ လွှတ်မြောက်စေတော်မူမည်။ အကျိုးဆုလာဘ်သည် လုပ်ရပ်၏ အမျိုးအစားအတိုင်း ခံစားရမည် ဖြစ်သည်။
၃။ ဥပဒေသ - ဖရဿွ်တာဝန်များသည် နဖိလ်အေဗာဒသ်များထက် ပိုမွန်မြတ်သော်လည်း၊ အချို့သောအခြေအနေများတွင် နဖိလ်အေဗာဒသ်သည် ဖရဿွ်တာဝန်ထက် ပိုမွန်မြတ်သည်။ အခက်အခဲရှိသူထံမှ အကြွေးလျှော်ပစ်ခြင်းသည် နဖိလ်အေဗာဒသ်ဖြစ်ပြီး၊ ထိုအကြွေးအပေါ် သည်းခံစောင့်ဆိုင်းခြင်းနှင့် တောင်းဆိုမှုမပြုခြင်းသည် ဖရဿ်ွ ဖြစ်သည်။ ဤနေရာတွင် နဖိလ်သည် ဖရဿွ်ထက် ပိုမွန်မြတ်သည်။
၄။ ဤဟဒီးဆ်သည် အမှန်တကယ် ခက်ခဲကြပ်တည်းနေသူအတွက် ဖြစ်ပြီး၊ ထိုသူသည် မအ်ဇူးရ် (အကြောင်းပြချက်ခိုင်လုံ၍ ခွင့်လွှတ်ခြင်းခံရသူ) ဖြစ်သည်။ သို့ရာတွင် ငွေကြေးရှိသော်လည်း ဆိုင်းငံ့နေသူ (အကြွေးမဆပ်သူ) နှင့် ပတ်သက်၍မူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ချမ်းသာသူ၏ ဆိုင်းငံ့ခြင်းသည် မတရားမှုဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။
التصنيفات
အကြွေး။