အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင်…

အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူမဆို ဖရဿ်ွ သို့မဟုတ် နဖိလ်ရိုဇာဥပုသ်စောင့်နေစဉ် မေ့လျော့၍ အစာ သို့မဟုတ် အရည်တစ်ခုခု စားသောက်မိပါက ထိုသူသည် မိမိ၏ ရိုဇာဥပုသ်ကိုမဖျက်ဘဲ ဆက်လက်စောင့်ထိန်းရမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်သိလျက်နှင့်ရည်ရွယ်ချက်ရှိရှိ စားသောက်ခဲ့ခြင်းမဟုတ်ပေ။ စင်စစ် ယင်းသည် အလ္လာဟ်အရှင်မြတ်က သူ့ထံရောက်ရှိစေတော်မူသော ရိက္ခာတစ်ခုသာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ကပင် သူ့အား ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။

فوائد الحديث

မေ့လျော့စွာ စားသောက်မိသူ၏ ရိုဇာဥပုသ်သည်မှန်ကန်သည်။

မေ့လျော့စွာစားသောက်မိခြင်းအတွက် အပြစ်မရှိပါ။အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်ရခြင်းသည် ၎င်း၏ ဆန္ဒအရမဟုတ်သောကြောင့်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ မိမိဗန္ဒဟ်ကျေးကျွန်များအပေါ်ထားရှိသော ကရုဏာတော်နှင့် ၎င်းတို့အတွက် လွယ်ကူချောမွေ့စေတော်မူခြင်း၊ ခက်ခဲကျပ်တည်းမှုနှင့် ဒုက္ခရောက်ခြင်းတို့ကို ၎င်းတို့ထံမှ ဖယ်ရှားပေးတော်မူခြင်း။

ရိုဇာဥပုသ်စောင့်ထိန်းထားသူ၏ ရိုဇာသည် အောက်ပါ အခြေအနေသုံးရပ် ပြည့်စုံမှသာ ပျက်ပြယ်သည်။

ပထမအချက်- (ရိုဇာပျက်‌စေသည့်အရာကို ပြုလုပ်သည့်အခါ) သိရှိနားလည်သူဖြစ်ရမည်။ အကယ်၍ မသိဘဲပြုလုပ်မိပါက ရိုဇာဥပုသ်မပျက်ပေ။

ဒုတိယအချက်- သတိရှိသူဖြစ်ရမည်။ အကယ်၍ မေ့လျော့နေသူဖြစ်ပါက ၎င်း၏ရိုဇာဥပုသ်သည် မှန်ကန်ပြီး ကဇွာပြန်လည်စောင့်ထိန်းရန်လည်း မလိုအပ်ပါ။

တတိယအချက်- မိမိဆန္ဒအလျောက် ပြုလုပ်သူဖြစ်ရမည်။ အတင်းအဓမ္မခိုင်းစေခံရသူ မဟုတ်ဘဲ မိမိဆန္ဒအလျောက် ရိုဇာပျက်စေသည့်အရာကို သုံးဆောင်ခြင်း ဖြစ်ရမည်။

التصنيفات

ဆွိယာမ်ပျက်စေသော အချက်များ။