إعدادات العرض
အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည်…
အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ အခြားဆင့်ပြန်ချက် တစ်ရပ်တွင် လာရှိသည်မှာ- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili فارسی Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá සිංහල தமிழ் ไทย دری Кыргызча or Kinyarwanda नेपाली Română Malagasy Lietuvių Oromoo Nederlands Soomaali Српски Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyarالشرح
ရှရီအဟ် တရားလမ်းစဉ်၏ မည်သည့်ရှုထောင့်နှင့်မျှ ကိုက်ညီမှုမရှိသော လုပ်ရပ် သို့မဟုတ် အပြောဆိုများ တနည်းအားဖြင့် ရှရီအဟ် တရားလမ်းစဉ်၏ အထောက်ထားများနှင့် စည်းမျဉ်းဥပဒေများက ညွှန်ကြားပြသထားခြင်းမရှိသော လုပ်ရပ်၊ အပြောအဆိုများသည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ။فوائد الحديث
စီရင်ဆုံးဖြတ်သူတစ်ဦး၏ စီရင်ဆုံးဖြတ်ချက်သည် (သာသနာ့)အမိန့်တစ်ခု၏ အနှစ်သာရသဘောကို မပြုပြင်မပြောင်းလဲနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်က “ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင်”ဟုမိန့်တော်မူထားသည်။ “အမိန့်”ဟူသည် သာသနာကို ဆိုလိုသည်။
အစ္စလာမ်သာသနာတော်သည် ရှရီအဟ်တရားလမ်းစဥ်အပေါ်၌ တည်ဆောက်ထားသည်။
ယုံကြည်ချက်ဆိုင်ရာ တရားသစ်တီထွင်မှုနှင့် အမလ် ကျင့်ဆောင်မှုပိုင်းဆိုင်ရာ တရားသစ် တီထွင်မှုတိုင်းသည် မှားယွင်းသည်။ ဥပမာအားဖြင့် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များ၏ အဓိပ္ပါယ်ကို ငြင်းပယ်ခြင်း၊ (အိရ်ဂျအ်) အီမာန်သက်ဝင်ယုံကြည်ထားပါက မည်သည့် အပြစ်အကုသိုလ်ကို ကျူးလွန်သည်ဖြစ်စေ မည်သို့မျှဆိုးကျိုးမရှိဟု ယုံကြည်ခြင်း၊ သက္ကဒီရ် အကောင်း၊အဆိုး ဟူသ၍ကို အရှင်မြတ်က သတ်မှတ်ရေးဆွဲထားကြောင်းကို ငြင်းပယ်ခြင်း၊ အပြစ်အကုသိုလ် ကျူးလွန်ရုံမျှနှင့် ကာဖိရ်ဖြစ်သည်ဟု ယုံကြည်ခြင်း၊ ခဝပ်ကိုးကွယ်မှုတွင် တရားသစ်တီထွင်ခြင်း စသည်တို့ဖြစ်သည်။
သာသနာသည် အတွေးခေါ် အယူအဆနှင့် ကောင်းသည်ဟု ထင်မြင်ချက်တို့ဖြင့် ပြဌာန်းထားခြင်း မဟုတ်ပေ။
အစ္စလာမ်သည် ပြီးပြည့်စုံသော သာသနာဖြစ်ကြောင်း ညွှန်ပြထားသည်။
သာသနာတော်တွင် ရှရီအဟ်နှင့် မကိုက်ညီသောတရားသစ်တီထွင်မှုတိုင်းသည် ပယ်ချခြင်းခံရမည်။ ဒုတိယဆင့်ပြန်ချက်တွင် တရားသစ်တီထွင်မှုတိုင်းသည်ပယ်ချခြင်းခံရမည်ဖြစ်ကြောင်း အတိအလင်းပါရှိသည်။ ၎င်းတရားသစ်သည် ပြုလုပ်သူက အသစ်တီထွင်ထားသည်ဖြစ်စေ သို့မဟုတ် ယခင်ကပင် ရှိနေခဲ့သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။
တရားတော်က တားမြစ်ထားသည့် ကတိကဝတ်၊စာချုပ်ဟူသမျှသည် အချည်းနှီးသာဖြစ်ပြီး ၎င်း၏ အကျိုးရလဒ်များကိုလည်း ခံစားခွင့် မရှိပါ။
(ကိစ္စတစ်ခုကို)တားမြစ်ခြင်းသည် (ယင်းကိစ္စ အတည်မဖြစ်ကြောင်း) ပျက်ပြယ်ကြောင်းကို ဖေါ်ပြနေသည်။အဘယ်ကြောင့်ဆိုသော် တားမြစ်ခံရသော ကိစ္စတိုင်းသည် သာသနာ့ကိစ္စ မဟုတ်သည့်အတွက် ၎င်းတို့ကို ပစ်ပယ်ရန် တာဝန်ရှိသည်။
التصنيفات
တရားသစ်တီထွင်ခြင်း။