မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင်…

မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။

နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကရှင်းပြတော်မူခဲ့သည်မှာ မွတ်စ်လင်မ်တို့ အခြေအနေသည် တစ်ဦးကိုတစ်ဦး အကောင်းလိုလားခြင်း၊ ကရုဏာထားခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ၎င်းတို့၌ ဘေးအန္တရာယ်ကျရောက်သည့်အခါ ဒုက္ခခံစားရခြင်းတို့တွင် ခန္ဓာကိုယ်တစ်ခုအလားဖြစ်ရန် လိုအပ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရမည်ဖြစ်သည်။

فوائد الحديث

မွတ်စ်လင်မ်များ၏ အခွင့်အရေးများကို အလေးအနက်ထားရန်လိုအပ်ကြောင်းနှင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကြရန်၊ အကြင်နာတရားရှိကြရန် တိုက်တွန်းထားသည်။

အီမာန်သက်ဝင်ယုံကြည်သူများကြားတွင် ချစ်ခင်မှုနှင့် ရိုင်းပင်းကူညီမှုရှိရန် အရေးကြီးသည်။

التصنيفات

အစ္စလာမ်သာသနာတော်။