إعدادات العرض
ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ကျွဲကောသီးမှာ…
ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ကျွဲကောသီးမှာ အနံ့လည်းကောင်း၏။ အရသာလည်းကောင်း၏။ ကုရ်အာန်မဖတ်သောမုအ်မင်န်၏ပမာကား စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ကျွဲကောသီးမှာ အနံ့လည်းကောင်း၏။ အရသာလည်းကောင်း၏။ ကုရ်အာန်မဖတ်သောမုအ်မင်န်၏ပမာကား စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ ကုရ်အာန်ဖတ်သောမုနာဖစ်က်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ကုရ်အာန်မဖတ်သော မုနာဖစ်က်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी Español Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча or Čeština नेपाली Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof ქართული Magyar Moore Українська Македонски Azərbaycan Shqip Malagasy Oromoo ไทย বাংলা Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italiano ភាសាខ្មែរ Tagalogالشرح
ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်ခြင်းနှင့် ယင်းကျမ်းဖြင့်အကျိုးခံစားရာ၌လူအမျိုးမျိုးရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြထား သည်။ ပထမအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ရွတ်ပြီးအကျိုးခံစားသော မုအ်မင်န်ဖြစ်သည်။ သူသည် ကျွဲကောသီးကဲ့သို့ဖြစ်သည်။ ကျွဲကောသီးသည် အနံ့လည်းကောင်း၏။ အရသာလည်းကောင်း ၏။ အရောင်လည်းလှ၏။ ကျွဲကောသီး၏ကောင်းကျိူးများစွာရှိ၏။ ယင်းမုအ်မင်မင်န်သည် ကျွဲကော သီးနှင့်တူရခြင်းမှာ ဖတ်ရွတ်ထားသည့်အတိုင်း အမလ်ကျင့်သုံးလေ့ရှိပြီး အလ္လာဟ်အရှင်မြတ်၏ကျေး ကျွန်များကိုလည်း ကောင်းကျိုးပြုသောကြောင့်ဖြစ် သည်။ ဒုတိယအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်ဖြစ်သည်။ သူသည် စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ စွန်ပလွံသီး၏အထဲ၌ ချိုသောအရသာရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်၏နှလုံးသားတွင် အီမာန်ရှိသည်။ သို့သော် စွန်ပလွံသီးသည် လူအများနမ်းရှုပ်နိုင်သည့် ရနံ့မရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ် ဖတ်သော မုအ်မင်န်၏ထံမှ လူသားများကလည်း ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို နားထောင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မည်မဟုတ်ပေ။ တတိယအမျိုးအစားမှာ ကုရ်အာန်ဖတ်သောမုနာဖစ်က်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ဤသို့ပင် မုနာဖိက်သည် အီမာန်ယုံကြည်မှုဖြင့် မိမိ၏နှလုံးသားကို ပြုပြင်ပြောင်းလဲမှုမပြုခဲ့ပေ။ သူသည် ကျမ်းတော်မြတ်ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးမှုလည်းမပြုခဲ့ပေ။ ၎င်းအပြင် မိမိသည် မုအ်မင်န်ပါဟု လူသားများရှေ့၌ဖော်ထုတ်လေ့ရှိသည်။ မုနာဖိက်တို့ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ခြင်းသည် မွှေးသောပန်း၏ရနံ့မွှေးခြင်းနှင့်ဆင်တူပြီး မွှေးသောပန်း၏အရသာခါခြင်းသည် မုနာဖိက်တို့၏ကုဖ်ရ်အရှင်မြတ်အား လက်မခံငြင်းပယ်ခြင်းနှင့်ပမာတူသည်။ ကုရ်အာန်မဖတ်သော မုနာဖစ်က်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။ ကုရ်အာန်မဖတ်သည့်မုနာဖိက်၏ပမာသည် ကျီးအာသီးတွင်အနံ့မရှိခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏ကုဖ်ရ်အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခြင်း၏ခါးခြင်းသည် ကျီးအာသီး ၏အရသာ ခါးခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏အတွင်းပိုင်းသည် အီမာန်ယုံကြည်မှုကင်းမဲ့နေပြီး သူ၏အပြင်ပိုင်းသည် မည်သည့်ကောင်းကျိုးမျှမရှိသည့်အပြင် ဘေးအန္တရယ်ပြုသောသူဖြစ်သည်။فوائد الحديث
ကျမ်းမြတ်ကုရ်အာန်အတိုင်း ကျင့်ကြံ၍ကျက်မှတ်ထားသူ၏မွန်မြတ်မှုကို ဖော်ပြထားသည်။
နားလည်လွယ်ရန် ဥပမာပေးခြင်းသည် ပညာသင်ကြားရေးစနစ်များအနက်မှ တစ်ခုဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးတွင် ကျမ်းမြတ်ကုရ်အာန်မှအမြဲရွတ်ဖတ်သည့် ပမာဏတစ်ခုရှိသင့်သည်။
