إعدادات العرض
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား…
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခြွင်းချက်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခြွင်းချက်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အိဗ်နုဟိဗ်ဗာန် ဆင့်ပြန်ခဲ့သည်။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Oromoo Wolof Soomaali Français Tagalog Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 km አማርኛ Malagasyالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် သာသနာကို လိုက်နာကျင့်သုံးသူပေါ်တွင်လွယ်ကူမှုရှိစေရန်အတွက် ခရီးထွက်နေစဉ် လေးရကသ်ဆွလာသ်ကို နှစ်ရကသ်ဝတ်ပြုခြင်း၊ ဆွလာသ်နှစ်ကြိမ်ကို ပေါင်းဖတ်ခွင့်ပြုခြင်း စသည်ဖြင့် အမိန့်ပညတ်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၌ မိမိတရားဝင်လျော့ပေါ့ပေးမှုများကို လက်ခံကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ ဤကဲ့သို့ပင် အရှင်မြတ်သည် မိမိသတ်မှတ်ထားသော ဝါဂျိဗ်တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ အဘယ်ကြောင့်ဆိုသော် ‘ဝါဂျိဗ်’ တာဝန်ဖြစ်စေ၊ ‘ရုခ်ဆွဟ်’ခြွင်းချက်အနေဖြင့် လျော့ပေါ့ပေးမှုဖြစ်စေ နှစ်ခုစလုံးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။فوائد الحديث
ကျေးကျွန်များအပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကိုဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် ခံစားခွင့်အတိုင်း ကျင့်သုံးခြင်းကို နှစ်သက်တော်မူသည်။
ရှရီအဟ် တရားလမ်းစဉ်သည် ပြီးပြည့်စုံပြီး မွတ်စ်လင်မ်တို့အတွက် ခက်ခဲကျပ်တည်းမှုများကို ဖယ်ရှားပေးသည်။