إعدادات العرض
ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏…
ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့လျှောက်ထားမေးမြန်းခဲ့သည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်တို့သည် ပင်လယ်ခရီးထွက်ကြပြီး အနည်းငယ်မျှသော ရေကိုသာ ကျွန်တော်တို့နှင့်အတူ ယူဆောင်သွားကြပါသည်။ အကယ်၍ ကျွန်တော်တို့သည် ထိုရေဖြင့် ဝူဿွူပြုလုပ်လိုက်ပါက ရေငတ်ခြင်းကို ခံစားရမည်။ သို့ဖြစ်ရာ ပင်လယ်ရေဖြင့် ဝူဿွူ ပြုလုပ်ခွင့်ရှိပါသလော။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Português සිංහල Nederlands অসমীয়া Kiswahili ગુજરાતી پښتو Hausa Română മലയാളം Deutsch नेपाली ქართული Magyar Moore తెలుగు Svenska Кыргызча ಕನ್ನಡ አማርኛ Українська Kinyarwanda Oromoo Македонски ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - ကျွန်တော်တို့သည် ပင်လယ်ထဲတွင် ငါးဖမ်းခြင်း သို့မဟုတ် ကုန်သွယ်ခြင်းစသည့် ကိစ္စရပ်များအတွက် သင်္ဘောများစီးနင်း( ၍ခရီးထွက် ) ကြပါသည်။ ကျွန်တော်တို့နှင့်အတူ သောက်သုံးရန် သင့်တော်သော ရေအနည်းငယ်ကို ယူဆောင်သွားကြပြီး၊ အကယ်၍ ထိုသောက်သုံးရေကို ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ်(ရေချိုးခြင်း)တို့အတွက် သုံးစွဲလိုက်ပါက ကုန်ခန်းသွားမည်ဖြစ်ပြီး၊ ကျွန်တော်မျိုးတို့အတွက် သောက်သုံးရန် ရေရှိတော့မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့အဖို့ ပင်လယ်ရေဖြင့် ဝူဿွူပြုလုပ်ခွင့် ရှိပါသလား။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ပင်လယ်ရေနှင့်ပတ်သက်၍ ဤသို့ မိန့်ကြားတော်မူခဲ့သည်- ပင်လယ်ရေသည် ကိုယ်တိုင် သန့်ရှင်းပြီး၊ အခြားအရာများကိုလည်း သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ထိုရေဖြင့် ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ် ရေချိုးခြင်း ပိုင်သည်။ ထို့အပြင် ပင်လယ်မှထွက်သော ငါးစသည်တို့ကို စားသုံးခြင်းသည်လည်း ဟလာလ်ခွင့်ပြုထားသည်။ ထိုငါးများသည် ဖမ်းယူခြင်းကြောင့် မဟုတ်ဘဲ ပင်လယ်မျက်နှာပြင်ပေါ်တွင် သေလျှက်ပက်လက်မျောနေသည်ကို တွေ့ရှိရသည့်တိုင် ၎င်းကိုစားသုံးခြင်းသည် ဟလာလ်ပင်ဖြစ်သည်။فوائد الحديث
ပင်လယ်သတ္တဝါ၏ အသေကောင်များသည် ဟလာလ်(ခွင့်ပြုထားသောအရာ) ဖြစ်သည်။ ဆိုလိုသည်မှာ ပင်လယ်၌သာ နေထိုင်ကျက်စားသော သတ္တဝါများသည် ပင်လယ်အတွင်း၌ပင် သေဆုံးသွားပါက ထိုသတ္တဝါများကို စားသုံးခွင့်ရှိသည်။
မေးမြန်းသူအား ၎င်းမေးမြန်းသည်ထက် ပိုမိုပြည့်စုံသော အကြောင်းအရာများဖြင့် ပြန်လည်ဖြေကြားခြင်းသည် အကျိုးကျေးဇူးများ ပြည့်စုံစေရန်အတွက် ဖြစ်သည်။
သန့်ရှင်းစင်ကြယ်သော အရာဝတ္ထုတစ်ခုခုကြောင့် ရေ၏အရသာ၊ အရောင်သို့မဟုတ် အနံ့ ပြောင်းလဲသွားခဲ့သည့်တိုင်၊ ယင်းရေသည် ၎င်း၏မူလသဘာဝအတိုင်း ရေအဖြစ်တည်ရှိနေသမျှကာလပတ်လုံး သန့်ရှင်းစင်ကြယ်မှု၏ ပကတိအခြေအနေတွင် ရှိနေဆဲပင်ဖြစ်သည်။ ထိုရေသည် အလွန်ငန်သည်ဖြစ်စေ၊ အလွန်ပူသည်ဖြစ်စေ၊ အလွန်အေးသည်ဖြစ်စေ (သန့်ရှင်းမှုအခြေအနေမှ မထွက်မချင်း) သန့်ရှင်းစင်ကြယ်သည်ဟုသာ သတ်မှတ်သည်။
ပင်လယ်ရေသည် ဟဒတ်စ်အတ်က်ဗရ် ( ကိုယ်မသန့်ခြင်းကြောင့် ရေချိုးရန်လိုအပ်သော ကြီးမားသော မသန့်မှု ) နှင့် ဟဒတ်စ်အတ်စ်ဂရ် ( အပေါ့၊ အလေး စွန့်ခြင်းကဲ့သို့ သေးငယ်သော မသန့်မှု ) တို့ကို ဖယ်ရှားပေးနိုင်သည်။ ထို့အပြင် သန့်ရှင်းစင်ကြယ်ပြီးဖြစ်သော ကိုယ်ခန္ဓာ၊ အဝတ်အစား သို့မဟုတ် အခြားအရာဝတ္ထုပေါ်သို့ ကပ်ငြိလာသော ညစ်ညမ်းမှုကိုလည်း ဖယ်ရှားပေးနိုင်သည်။
