إعدادات العرض
ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား…
ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား (သူစိမ်းအမျိုးသမီးအပေါ်မရည်ရွယ်ဘဲ) ရုတ်တရက် ကြည့်ရှုမိခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ ကိုယ်တော်သည် ကျွန်ုပ်အား မျက်စိလွဲရန် အမိန့်ပေးတော်မူခဲ့သည်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား (သူစိမ်းအမျိုးသမီးအပေါ်မရည်ရွယ်ဘဲ) ရုတ်တရက် ကြည့်ရှုမိခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ ကိုယ်တော်သည် ကျွန်ုပ်အား မျက်စိလွဲရန် အမိန့်ပေးတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands සිංහල پښتو नेपाली Кыргызча മലയാളം Svenska Română తెలుగు ქართული Moore Српски Magyar Português Македонски Čeština Українська Azərbaycan አማርኛ Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری ភាសាខ្មែរ Lietuvių ಕನ್ನಡ Oromoo Deutsch Shqip தமிழ்الشرح
ဂျရီရ်ဗင်အဗ်ဒုလ္လာဟ်(ရဿိယလ္လာဟုအန်ဟု) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယောက်ျားတစ်ဦးသည် သူစိမ်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်ကြည့်မိသွားခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အားသတိပြုမိသည်နှင့်တပြိုင်နက် ချက်ချင်း မိမိ၏မျက်နှာကို အခြားဘက်သို့ လှည့်လိုက်ရန် အမိန့်ပေးတော်မူပြီး၊ ထိုသို့ပြုလျှင် သူ့အတွက် အပြစ်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
မျက်လွှာချထားရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
တားမြစ်ထားသောအရာများကို ရုတ်တရက်မတော်တဆ ကြည့်မိပြီးနောက် ဆက်လက်ကြည့်ရှုခြင်းမှ သတိပေးထားခြင်း။
ဆွဟာဗဟ်သာဝကများထံတွင် အမျိုးသမီးများကို ကြည့်ရှုခြင်း၏ တားမြစ်ချက်သည် ခိုင်မာစွာ အမြစ်တွယ်နေကြောင်း ဂျရီရ် (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ရည်ရွယ်ချက်မရှိဘဲ ကြည့်ရှူမိပါက တမင်ရည်ရွယ်၍ ကြည့်ရှူသူ၏ အမိန့်နှင့်တူညီမှုရှိ မရှိကို မေးမြန်းခဲ့ခြင်းက သက်သေပြနေသည်။
ဤဟဒီးဆ်မှ ရှရီအသ်တရားတော်သည် လူသားတို့၏ အကျိုးစီးပွားကို အလေးထားကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများကို ကြည့်ရှုခြင်းသည် လောကီနှင့်တမလွန်ဆိုင်ရာ မကောင်းသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သောကြောင့် ယင်းကို ဟရာမ်ဟုသတ်မှတ်ထားခြင်းဖြစ်သည်။
ဆွဟာဗဟ်သာဝကကြီးများသည် မိမိတို့ မရှင်းမလင်းဖြစ်နေသည့်အရာ၊ မသိနားမလည်သည့်အရာများကို အမြဲတစေ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လာရောက် မေးမြန်းလေ့ရှိကြသည်။ ထို့ကြောင့် လူသာမာန်များသည်လည်း သာသနာ့ပညာရှင်များထံ လာရောက်၍ မိမိတို့မသိနားမလည်သည်များကို မေးမြန်းသင့်ပေသည်။
التصنيفات
စိတ်နှလုံးသားများကို ပြုပြင်ခြင်း။