ဒုက္ခဆိုက်ရောက်ချိန်၌ ရွတ်ဆိုရသည့် ဇိက်ရ်တော်များ။

ဒုက္ခဆိုက်ရောက်ချိန်၌ ရွတ်ဆိုရသည့် ဇိက်ရ်တော်များ။

1- တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။