တမန်တော်မြတ်(ﷺ)၏ သည်းခံမျိုသိပ်မှု။

တမန်တော်မြတ်(ﷺ)၏ သည်းခံမျိုသိပ်မှု။

1- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်