إعدادات العرض
အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃…
အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်။ အကယ်၍ သူသည် ( ၅ ) ရကအသ် ဝတ်ပြုခဲ့ပါက ဤစဂ်ျဒဟ်နှစ်ကြိမ်သည် သူ၏ဆွလာသ်ကို စုံကိန်း (၆ ရကအသ်) ဖြစ်စေမည်။ အကယ်၍ သူသည် ( ၄ ) ရကအသ် အပြည့်ဝတ်ပြုခဲ့ပါက ဤ စဂ်ျဒဟ် နှစ်ကြိမ်သည် ရှိုင်တွာန်အတွက် နှိမ့်ကျသေးသိမ်မှု၊ အရှက်တကွဲအကျိုးနည်းမှု၏ အကြောင်းခံ ဖြစ်စေမည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو हिन्दी 中文 Kurdî Português دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Kiswahili ગુજરાતી Hausa नेपाली Română മലയാളം Nederlands සිංහල پښتو తెలుగు Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ ភាសាខ្មែរ Shqip தமிழ்الشرح
အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆွလာသ်ဝတ်ပြုသူတစ်ဦးသည် မိမိဆွလာသ်တွင် မည်မျှဝတ်ပြုပြီးဖြစ်သည်ကို သံသယဖြစ်မိပြီး ( ၃ ) ရကအသ် ဝတ်ပြုခဲ့ခြင်းလား၊ သို့မဟုတ် ( ၄ ) ရကအသ် ဝတ်ပြုခဲ့ခြင်းလားဟု မသေချာမရေရာဖြစ်နေပါက သံသယဖြစ်ဖွယ် အပိုအရေအတွက်ကို စွန့်ပယ်ရမည်ဖြစ်ပြီး ထိုအပိုအရေအတွက်ကို မယူရန် ရှင်းလင်းစွာ မိန့်ကြားသွန်သင်တော်မူခဲ့သည်။ သို့ဖြစ်ရာ ( ၃ ) ရကအသ်မှာ သေချာသောအရေအတွက်ဖြစ်သည်။ ထို့ကြောင့် သူသည် စတုတ္ထမြောက်ရကအသ်ကို ဆက်လက်ဝတ်ပြုပြီး စလာမ်မလှည့်မီအရင် စဂ်ျဒဟ်စဟ်ဝ် နှစ်ကြိမ်ပြုလုပ်ရမည်။ အကယ်၍ သူသည် အမှန်တကယ်အားဖြင့် ( ၄ ) ရကအသ် ဝတ်ပြုပြီးဖြစ်ခဲ့ပါက၊ နောက်ထပ်ဝတ်ပြုလိုက်သော ၁ ရကအသ်ကြောင့် စုစုပေါင်း ( ၅ ) ရကအသ်ဖြစ်သွားပြီး စဂ်ျဒဟ်စဟူနှစ်ကြိမ်သည် အပိုဝတ်ပြုမိသော ( ၁ ) ရကအသ်အတွက် အစားထိုးဖြည့်ဆည်းပေးသဖြင့် ရကအသ်အရေအတွက်မှာ မကိန်း (၅) မဟုတ်ဘဲ စုံကိန်း (၆) ဖြစ်သွားမည်။ သို့သော် အကယ်၍ သူသည် အပိုထပ်မံဝတ်ပြုလိုက်သော တစ်ရကအသ်ဖြင့် စုစုပေါင်း လေးရကအသ် ဝတ်ပြုပြီးဖြစ်ပါက၊ သူ့အပေါ်တွင် တာဝန်ရှိသော ဆွလာသ်ကို အပို၊အလိုမရှိဘဲ၊ လိုအပ်သော ရကအသ်အရေအတွက်အတိုင်း ဝတ်ပြုလိုက်ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် စဂ်ျဒဟ်စဟ်ဝ် နှစ်ကြိမ်သည် ရှိုင်တွာန်အား နှိမ့်ကျသေးသိမ်စေခြင်း၊ ၎င်းအား နှိမ်နင်းခြင်းနှင့် ၎င်း၏ရည်ရွယ်ချက်မှ ဝေးကွာစေခြင်းတို့ကို ဖြစ်စေသည်။ အဘယ့်ကြောင့်ဆိုသော် ရှိုင်တွာန်သည် ဆွလာသ်ဝတ်ပြုသူ၏ ဆွလာသ်ကို ရှုပ်ထွေးသွားစေရန်ပြုလုပ်ခဲ့ပြီး၊ ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း၊ အာဒမ်၏သား ( လူသား ) ၏ ဆွလာသ်ဝတ်ပြုမှုသည် ပြီးပြည့်စုံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စဂ်ျဒဟ်ဦးချခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံကျင့်သုံးခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းစဂ်ျဒဟ်ဦးချခြင်းကိုပင် အစ်ဗ်လီစ် ရှိုင်တွာန်မိစ္ဆာကောင်သည် ( ငြင်းပယ်ပြီး ) အလ္လာဟ်အရှင်မြတ်အား အမိန့်ဖီဆန်ခဲ့ခြင်းဖြစ်သည်။ အိဗ်လီစ်သည် ၎င်းအား အလ္လာဟ်အရှင်မြတ်က အာဒမ်( အလိုင်ဟိစ္စလာမ်)ကို စဂ်ျဒဟ်ဦးချရန် အမိန့်ပေးစေခိုင်းခဲ့စဉ်အခါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို မနာခံခဲ့ပေ။فوائد الحديث
ဆွလာသ်ဝတ်ပြုသူတစ်ဦးသည် မိမိ၏ဆွလာသ်တွင် သံသယဖြစ်ပြီး အရာနှစ်ခုအနက်တစ်ခုမှ ပိုမို အလေးသာခြင်း မရှိပါက ထိုသံသယကို စွန့်ပယ်ရမည်ဖြစ်ပြီး သေချာသောအရေအတွက်ကို အခြေခံကာ ဆက်လက်ဝတ်ပြုပါ။ ၎င်းမှာ အနည်းဆုံးအရေအတွက်ဖြစ်သည်။ ထို့နောက် မိမိ၏ဆွလာသ်ကို ပြီးမြောက်အောင် ဝတ်ပြုပြီး စလာမ်မလှည့်မီ စဂ်ျဒဟ်စဟ်ဝ် နှစ်ကြိမ်ပြုလုပ်ရမည်။ ထို့နောက်မှ စလာမ်လှည့်ရမည်။
ဤစဂ်ျဒဟ်စဟ်ဝ်နှစ်ကြိမ်သည် ဆွလာသ်အတွင်း ဖြစ်ပေါ်လာသော ချို့ယွင်းချက်များကို ပြုပြင်ဖြည့်စွက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ထို့ပြင် ရှိုင်တွာန်အား အရှက်ရစေခြင်း၊ နှိမ့်ကျသေးသိမ်စေခြင်း၊ ၎င်း၏ မကောင်းသည့်ရည်ရွယ်ချက်များမှ ဝေးကွာစေခြင်းတို့ကိုဖြစ်စေသည်။
ဤဟဒီးဆ်တွင် ဖော်ပြထားသော သံသယဆိုသည်မှာ မည်သည့်ဘက်ကိုမှအလေးမသာဘဲ မသေချာမရေရာဖြစ်နေခြင်းကို ဆိုလိုသည်။ အကယ်၍ ယုံကြည်စိတ်ချရသော ထင်မြင်ယူဆချက်ရှိပြီး ၎င်းသည် တစ်ဘက်ဘက်သို့ အလေးသာပါက ထိုသဘောထားကို အခြေခံ၍ ဆောင်ရွက်ရမည်။
( ရှိုင်တွာန်၏ ) မကောင်းသောအကြံအစည်များကို တိုက်ဖျက်ရန်နှင့် ရှရီအသ်တရားတော်၏အမိန့်ကို လိုက်နာခြင်းအားဖြင့် ယင်းမကောင်းသောအကြံအစည်များကို တွန်းလှန်ရန် တိုက်တွန်းအားပေးထားသည်။
