''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ…

''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြင်ရာတော် အွမ္မုဟဗီဗဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမက ပြောသည်မှာ- "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်- ''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''

[صحيح] [رواه أبو داود والترمذي والنسائي وابن ماجه وأحمد]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက် တည်သူအား အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပေးခဲ့သည်။

فوائد الحديث

ဇုဟုရ်(ဖရဿ်ွ)ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

ဖရဿွ်မတိုင်မီ ဝတ်ပြုရသည့် စွန်နသ်ရာသိဗဟ်တို့ (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပုံမှန် ဝတ်ပြုခဲ့သည့် စွန်နသ်ဆွလာသ်များ)၏ အကျိုးကျေးဇူးများအနက် တစ်ခုမှာ ဝတ်ပြုသူ၏ စိတ်နှလုံးသည် ဖရဿ်ွဆွလာသ်ဝတ်ပြုရန်အတွက် အသင့်ဖြစ်နေစေရန် ဖြစ်သည်။ ဖရ်ဿွဟ် ဝတ်ပြုမှုပြီးနောက် ဝတ်ပြုရသည့် စွန်နသ်ရာသိဗဟ်တို့၏ အကျိုးကျေးဇူးများအနက် တစ်ခုမှာ ဖရဿ်ွ ဝတ်ပြုမှုတွင် ဖြစ်ပွားခဲ့သော လစ်ဟင်း ချွတ်

ယွင်းမှုများကို ဖြည့်စွက်ပေးရန် ဖြစ်သည်။

စွန်နသ်ရာသိဗဟ်များတွင်- ကောင်းမှုတိုးပွားခြင်း၊ အပြစ်များခွင့်လွှတ်ခြင်းနှင့် ဂုဏ်အဆင့်အတန်း မြင့်မားခြင်းစသည့် ကြီးမားသော အကျိုးကျေးဇူးများရှိသည်။

အဲဟ်လေစွန္နသ်လမ်းစဥ်ဝင်များ၏ အခြေခံဥပဒေအရ ဤဟဒီးဆ်တော်ကဲ့သို့သော ကတိတော်ပါဝင်သည့် ဟဒီးဆ်တော်များကို အနက်ကောက်ရာတွင် သောင်ဝ်ဟီးဒ် (အလ္လာဟ်အရှင်မြတ်အား တစ်ဆူတည်းယုံကြည်ခြင်း) အပေါ် သေဆုံးခြင်းနှင့် ဆက်စပ်တွေးခေါ်ရသည်။ ဤဟဒီးဆ်၏ အလိုသဘောမှာ သောင်ဝ်ဟီးဒ်ဝါဒီများအနက် အပြစ်များကို ကျူးလွန်သူသည် အပြစ်ဒဏ်ခံရန် ထိုက်တန်သော်လည်း၊ အကယ်၍ သူတို့အား အပြစ်ဒဏ်ပေးခြင်းခံရပါက ငရဲတွင် အမြဲထာဝရ နေရမည် မဟုတ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။

التصنيفات

စွန္နသ်ဆွလာသ်များ။