“အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင်…

“အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ် သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို စစ်ဆေးမေး မြန်းရန်အတွက် ကိယာမသ်နေ့တွင် စုရုံးတော်မူသည့်အခါ၊ အလ္လာဟ်အရှင်မြတ်နှင့်ဖြစ်စေ၊ လူသားများနှင့်ဖြစ်စေ ကတိပြုထားသော ပဋိညာဉ်ကို သစ္စာမစောင့်သော (သစ္စာ ဖောက်)သူတိုင်းအတွက် ထိုသူ၏သစ္စာဖောက်မှုကို အရှက်ရစေရန် အမှတ်အသားတစ်ခုကို စိုက်ထူတော်မူမည်။ ထိုနေ့တွင် ၎င်းသည် ဤသို့ ကြွေးကြော်ခြင်းခံရမည်- ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်။ (ဤသို့ပြုလုပ်ရခြင်းမှာ) ဟရှရ်ကွင်းပြင်၌ စုရုံးနေသောလူသားများထံတွင် ထိုသူ၏ ဆိုးညစ်သောလုပ်ရပ်ကို ထင်ရှားစေရန် အတွက်ဖြစ်သည်။

فوائد الحديث

၁။ သစ္စာဖောက်ခြင်းသည် ဟရာမ်တားမြစ်ထားပြီး၊ ယင်းသည် ပြစ်မှုကြီးများထဲမှ တစ်ခုဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းအတွက် ဤမျှပြင်းထန်သော သတိပေးခြိမ်း‌ ခြောက်မှု (ဝအီဒ်) ရှိသောကြောင့်ဖြစ်သည်။

၂။ သတိပေးခံရသော သစ္စာဖောက်ဖျက်ခြင်းတွင် သွေး၊ ဂုဏ်သိက္ခာ၊ လျှို့ဝှက်ချက် သို့မဟုတ် စည်းစိမ်ဥစ္စာတို့အတွက် သင့်အား စိတ်ချယုံကြည်အပ်နှင်းထားသူတိုင်း၏ ယုံကြည်မှုကို အသင်ဖောက်ဖျက်ပြီး ၎င်းတို့၏ ယုံကြည်ချက်ကို ဖျက်ဆီးလိုက်ခြင်းလည်း ပါဝင်သည်။

၃။ အိမာမ်ကုရ်သုဗီက မိန့်ဆိုသည်မှာ- ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အာရပ်လူမျိုးများအား သူတို့၏ ဓလေ့နှင့်အညီ မိန့်ကြားတော်မူခြင်း ဖြစ်သည်။ အ ကြောင်းမူကား အာရပ်တို့သည် သစ္စာ စောင့်သိမှုအတွက် အဖြူရောင် အလံကိုလည်းကောင်း၊ သစ္စာဖောက်မှုအတွက် အနက်ရောင် အလံကိုလည်းကောင်း စိုက်ထူလေ့ရှိကြသည်။ ထိုသို့ပြုခြင်းဖြင့် သစ္စာဖောက်သူအား ကဲ့ရဲ့ပြစ်တင်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့်ပင် ဟဒီးစ်တော်တွင် ကိယာမသ်နေ့၌ သစ္စာဖောက်သူအတွက် ထိုကဲ့သို့သော (အနက်ရောင် အလံ) ရှိလိမ့်မည်’ ဟု လာရှိသည်။ သို့မှသာ သူသည် မိမိ၏ ထိုအကျင့်ဆိုးဖြင့် ထင်ရှားလိမ့်မည်။ ထို့ပြင် ဟရှရ်ကွင်းပြင်၌ စုရုံးနေသောလူတို့ကလည်း သူ့အား ပြစ်တင်ကဲ့ရဲ့ကြမည် ဖြစ်သည်။

၄။ အိဗ်နုဟဂျရ်က ဤသို့ဆိုသည်- ဤဟဒီးစ်တော်တွင် ကိယာမသ်နေ့၌ လူသားများအား မိမိတို့၏ဖခင်များနှင့် တွဲ၍ခေါ်ဝေါ်ခြင်းခံရမည်ဟူသောအချက် ပါရှိသည်။ အကြောင်းမှာ ထိုဟဒီးစ်တွင် "ဤသည် မည်သူမည်ဝါ၏ သား မည်သူမည် ဝါ၏ သစ္စာဖောက်မှုဖြစ်သည်" ဟု ဖော်ပြထားခြင်းကြောင့်ဖြစ်သည်။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။, ဂျိဟာဒ်၏ အာဒါဗ်စည်းကမ်းချက်များ။