إعدادات العرض
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင်…
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî മലയാളം Kiswahili සිංහල অসমীয়া ગુજરાતી Tiếng Việt دری Nederlands Soomaali नेपाली پښتو Svenska Кыргызча Română తెలుగు Lietuvių ಕನ್ನಡ Српски Yorùbá ქართული Moore Kinyarwanda Magyar Македонски Azərbaycan Čeština Українська Wolof Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutsch አማርኛ ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် အရွယ်မရောက်သေးသည့်ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။فوائد الحديث
(စစ်ပွဲအတွင်း၌ မုစ်လင်မ်များအား ဝင်ရောက်)တိုက်ခိုက်ခြင်းမပြုသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ၎င်းတို့နည်းတူ သက်ကြီးရွယ်အိုများနှင့် ဘုန်းတော်ကြီးများကို သတ်ဖြတ်ခွင့်မရှိပါ။ သို့ရာတွင် ထိုသူများထဲမှ မွတ်စ်လင်မ်များကို တိုက်ခိုက်ရန် စီမံညွှန်ကြားသူ သို့မဟုတ် ကူညီသူများဖြစ်နေပါက ၎င်းတို့ကို သတ်ဖြတ်ခွင့်ရှိသည်။
အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကိုတားမြစ်ထားရခြင်းမှာ ၎င်းတို့သည် မွတ်စ်လင်မ်များကို တိုက်ခိုက်ခြင်းမရှိသောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏
လမ်းတွင် ဂျိဟာဒ်ပြုခြင်း၏ ရည်ရွယ်ချက်မှာ ကာဖိရ်စစ်သည်များ၏ အင်အားကို ချိုးဖျက်ရန်နှင့် တရားလမ်းမှန်ကို လူသားထုတစ်ရပ်လုံး ရောက်ရှိစေရန်သာ ဖြစ်သည်။
ဤဖြစ်ရပ်သည် စစ်ပွဲများနှင့် စစ်ချီတိုက်ခိုက်မှုများအတွင်း၌ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကရုဏာတော်ကို ဖော်ပြနေသည်။
التصنيفات
ဂျိဟာဒ်၏ အာဒါဗ်စည်းကမ်းချက်များ။