إعدادات العرض
- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း…
- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။
အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ”သူသည် ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Português Kurdî Русский অসমীয়া Kiswahili Nederlands Hausa ગુજરાતી Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонски ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Wolof Moore Svenska മലയാളം ಕನ್ನಡ தமிழ் Српски Shqipالشرح
အမီရုလ်မိုအ်မီနီးန် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟု) သည် ကအ်ဗဟ်ကျောင်းတော်၏ ထောင့်တွင်ရှိသော ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်းကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"فوائد الحديث
သွဝါးဖ်ပြုလုပ်သူများသည် ဟဂ်ျရေအတ်စ်၀ဒ်အနီးသို့ ရောက်လျှင် လွယ်ကူပြီးတတ်စွမ်းနိုင်ပါက ယင်းအား နမ်းရှုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
ဟဂ်ျရေအတ်စ်ဝဒ်ကို နမ်းရှုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်လိုက်မှုပြုခြင်းပင် ဖြစါသည်။
အိမာမ်နဝဝီက မိန့်ဆိုသည်- ဟဒီးစ်တော်၏ အလိုသဘောမှာ ၎င်းကျောက်တုံးတွင် ကောင်းကျိုး၊ သို့မဟုတ် ဆိုးကျိုးပေးနိုင်စွမ်းမရှိဘဲ၊ ၎င်းသည် အခြားသော ဖန်ဆင်းခံများကဲ့သို့ ကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်စွမ်းမရှိသော ကျောက်တုံးတစ်တုံးမျှသာဖြစ်သည်။ အုမရ်(ရဿိယလ္လာဟုအန်ဟု)က ဟဂ်ျရာသီတွင် ဤ (ယုံကြည်ချက်) ကို ပြန့်ပွားစေခဲ့ပြီး မြို့အသီးသီးတွင် ဤယုံကြည်ချက်ကို ထင်ရှားကျော်ကြားစေရန်နှင့် ဒေသအသီးသီးမှ လာရောက် ဟဂျ်ပြုကျသူများသည် ၎င်းကို မှတ်သားထားနိုင်ရန်အတွက်ဖြစ်သည်။
အိဗာဒသ်ဝတ်ပြုကိုးကွယ်မှုများသည် သောင်ကီဖီ (အတိအကျသတ်မှတ်ထားပြီးသား)ဖြစ်၍ အလ္လာဟ်အရှင်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တို့ သတ်မှတ်ပြဌာန်းပေးထားသည့် အရာမှလွဲ၍ မည်သည့်အရာကိုမျှ သတ်မှတ်ပြဌာန်းခွင့်မရှိပေ။
အိဗာဒသ်ဝတ်ပြုကိုးကွယ်မှုတစ်ခု မှန်ကန်ပါက ၎င်း၏ဟိက်မသ်ဥာဏ်အမြော်အမြင်ကို မသိရသော်လည်း လိုက်နာကျင့်သုံးရမည်။ အဘယ်ကြောင့်ဆိုသော် ထိုဝတ်ပြုကိုးကွယ်မှုကို လုပ်ဆောင်ရာတွင် လူတို့၏ လိုက်နာမှုနှင့် နာခံမှုသည် ရည်ရွယ်ခြင််းခံရသော ဟိက်မသ်ဉာဏ်အမြော်အမြင်များထဲမှပင် ဖြစ်သောကြောင့်ဖြစ်သည်။
တရားတော်၌ အိဗာဒသ်ဝတ်ပြုကိုးကွယ်မှုသဘောဖြင့် နမ်းရှုပ်ရန် ညွှန်ကြားချက်လာရှိမထားသောကျောက်တုံးစသည့် အရာများကို နမ်းရှုပ်ခြင်းမပြုရန် တားမြစ်ထားသည်။
