إعدادات العرض
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊…
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Kiswahili Tiếng Việt অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Македонски ไทย Українська తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy پښتو ភាសាខ្មែរ Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရမဿွာန်လကုန်ဆုံးပြီးနောက်တွင် ဇကာသုလ်ဖိသွိရ်ကို ပေးဆောင်ရန် သတ်မှတ်ပြဌာန်းခဲ့သည်။ ၎င်း၏ ပမာဏမှာ တစ်ဆွာအ် ဖြစ်ပြီး ၎င်း၏ အလေးချိန်မှာ မွဒ်လေးခုနှင့် ညီမျှသည်။ "မွဒ်"ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်အပြည့် ပမာဏကို ဆိုလိုပြီး၊ စွန်ပလွံသီး သို့မဟုတ် မုယောစပါးဖြင့် (ပေးဆောင်ရန် သတ်မှတ်ထားသည်။) မွတ်စ်လင်မ်တိုင်း၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ (ပေးဆောင်ရန် တာဝန်ရှိသည်)။ ဤတာဝန်သည် မိမိကိုယ်တိုင်နှင့် မိမိထိန်းသိမ်းစောင့်ရှောက်ရသူများအတွက် တစ်နေ့နှင့် တစ်ညတာ ရိက္ခာအပြင် ပိုလျှံမှုရှိသူတိုင်းအတွက် ဖြစ်သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။فوائد الحديث
လမြတ်ရမဿွာန်၏ ဇကာသုလ်ဖိသ်ရ်သည် လူငယ်၊ လူကြီး၊ လွတ်လပ်သူနှင့် ကျွန် စသည့် မွတ်စ်လင်မ်တိုင်းအတွက်ပေးဆောင်ရန် တာဝန်ရှိသည်။ ပေးဆောင်ရန် တာဝန်မှာ (ကလေးငယ်များ၏) အုပ်ထိန်းသူနှင့် သခင်က (မိမိ၏ ကျွန်များအတွက်) ဆောင်ရွက်ပေးရမည်။ လူတစ်ဦးသည် မိမိကိုယ်တိုင်၊ မိမိ၏ သားသမီးများနှင့် မိမိအပေါ်တွင် စားဝတ်နေရေး ကျွေးမွေးစရိတ်ပေးရန် တာဝန်ရှိသူအားလုံးတို့၏ ကိုယ်စား ဇကာသုလ်ဖိသ်ရ်ကို ပေးဆောင်ရမည်။
မိခင်ဝမ်းတွင်းရှိ သန္ဓေသား (ကလေးငယ်) အတွက် ဇကာသုလ်ဖိသ်ရ် ပေးဆောင်ရန် ဝါဂျစ်ဗ်တာဝန်မဟုတ်ပေ။ သို့ရာတွင် မွတ်စ်သဟဗ် ဖြစ်သည်။
ဇကာသုလ်ဖိသ်ရ်တွင် မည်သည့်အရာကို ပေးဆောင်ရမည်နည်း ဆိုသည့် အချက်ကို ဖော်ပြထားခြင်း။ အမှန်စင်စစ် ဇကာသုလ်ဖိသ်ရ်တွင် လူတို့၏ အဓိက စားသုံးကုန် (ဒေသအလိုက် အဓိက စားနပ်ရိက္ခာ) ကို ပေးဆောင်ရမည် ဖြစ်သည်။
ဇကာသုလ်ဖိသ်ရ်ကို အီးဒ်ဆွလားသ်မဝတ်ပြုမီအရင် ပေးဆောင်ရန် တာဝန်ရှိသည်။ အီးဒ်နေ့ မနက်တွင် ပေးဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အီးဒ်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင်လည်း ပေးဆောင်ခွင့်ရှိသည်။
التصنيفات
ဖိသ်ရဟ်။