ဖိသ်ရဟ်။

ဖိသ်ရဟ်။

1- ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်

2- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။