إعدادات العرض
اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ
اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي». အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လောကီနှင့် နောင်တမလွန်ဘဝတွင် အာဖိယသ်( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ သာသနာရေး၊ လောကီအရေး၊ မိသားစု ရေးနှင့် ပစ္စည်း ဥစ္စာရေးတို့တွင် ခွင့်လွှတ်ချမ်းသာ ပေးမှုနှင့် အာဖိယသ် ( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပါ၏။ ထို့ပြင် ကျွန်တော်မျိုး၏ လျှို့ဝှက်အပ်သော ( အရှက်တကွအကျိုးနည်းဖြစ်စေမည့် ) အရာများကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ စိတ်သောကများကို ငြိမ်းအေးစေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား မိမိ၏ အရှေ့မှ သော်လည်း ကောင်း၊ အနောက်မှသော်လည်း ကောင်း၊ ညာဘက်မှသော်လည်း ကောင်း၊ ဘယ်ဘက်မှသော်လည်း ကောင်း၊ အပေါ်မှသော်လည်း ကောင်း၊ အောက်မှသော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။ အရှင်မြတ်၏ ကြီး ကျယ်မြင့်မြတ်လှသော ဂုဏ်တော်အားဖြင့် ကျွန်တော်မျိုး၏ အောက်ဘက်မှ ရုတ်တရက်ဖျက်စီး ခံရခြင်း ( မြေမြိုခံရခြင်း ) မှ ကင်းလွှတ်ရန် အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Kurdî Português Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuvių ភាសាខ្មែរ தமிழ் Shqip Русский тоҷикӣالشرح
တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ ) العافيةَ) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရောဂါဝေဒနာများ၊ ဘေးဒုက္ခများ၊ လောကီပြဿနာများ၊ ဖြားယောင်းသွေးဆောင်မှုများနှင့် ဒီန်သာသနာနှင့် သက်ဆိုင်သည့်စမ်းသပ်မှုများမှ အရှင်မြတ်ထံ အာဖီယသ်ကိုတောင်းခံပန်ကြားပါ၏။ (في الدنيا والآخرة) လောကီဘဝ၌ဖြစ်စေ၊ တမလွန်ဘဝ၌ဖြစ်စေ၊ တစ်နည်း မြန်မြန်ရောက်လာသော ဘေးဒုက္ခဖြစ်စေ၊ နောက်ကျမှရောက်လာသော ဘေးဒုက္ခဖြစ်စေ အားလုံးမှ ( အရှင်မြတ်ထံ အာဖီယသ်ကို တောင်းခံပန်ကြားပါ၏။ ) ( اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ခွင့်လွှတ်ခြင်းကို တောင်းခံပန်ကြားပါ၏။( တစ်နည်း ) အပြစ်များကို ပယ်ဖျက်ပေးတော်မူခြင်းနှင့် ထိုအပြစ်များမှ ခွင့်လွှတ်တော်မူခြင်းကိုတောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ အာဖိယသ်ကို တောင်းခံပန်ကြားပါ၏။ ( တစ်နည်း ) ကျွန်တော်မျိုး၏ သာသနာ့ယုံကြည်ချက်တွင် ရှိရ်က်၊ ဗိဒ်အသ်များနှင့် အပြစ်အကုသိုလ်များဖြစ်စေ၊ လောကီဘဝတွင် ဘေးဒုက္ခများ၊ နှောင့်ယှက်နှိပ်စက်မှုများနှင့် ဆိုးယုတ်မှုများမှ ဖြစ်စေ၊ ကျွန်တော်မျိုး၏ဇနီးမယား၊ သားသမီးများ၊ ဆွေမျိုးများနှင့်ဆိုင်သော အရာများ ဖြစ်စေ၊ သို့မဟုတ် ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာများနှင့် လုပ်ဆောင်ချက်များနှင့်ဆိုင်သော အရာများဖြစ်စေ စသည့် ချို့ယွင်းချက်များမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၌ရှိသော ချို့ယွင်းချက်များ၊ အားနည်းချက်များကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ပြစ်မှုများကို ပယ်ဖျက်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ကြောက်ရွံ့တုန်လှုပ်မှုများကို အေးချမ်းမှုပေးပါ။ اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ရှေ့၊ နောက်၊ ယာ၊ ဝဲ၊ အထက်ဘက် စသော အရပ်မျက်နှာအားလုံးမှ အန္တရာယ်ပေးသောအရာများအားလုံးနှင့် စမ်းသပ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးတော်မူပါ။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် စမ်းသပ်မှုများသည် ဤအရပ်မျက်နှာများမှသာ လူသားထံ ရောက်ရှိလာလေ့ရှိသောကြောင့်ဖြစ်သည်။ "وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي" ထို့အပြင် ကျွန်တော်မျိုးသည် အောက်ခြေ(မြေကြီး)မှ ရုတ်တရက် မြေမျိုချခံရခြင်း၊ ရုတ်တရက်ဖမ်းဆီးအရေးယူခံရခြင်း၊ သတိမေ့လျော့လျက်ရှိနေစဥ် ပျက်စီးခြင်း၊ မြေကြီးကွဲကျွံ၍ ပျက်စီးခြင်းမှ အရှင်မြတ်၏ ကြီးကျယ်မှုအားဖြင့် ခိုလှုံပါ၏။فوائد الحديث
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းစဉ်ကို လိုက်နာလျက် ဤစကားရပ်များ(ဒုအာ)ကို စွဲစွဲမြဲမြဲရွတ်ဖတ်ခြင်း။
လူသားသည် ဒီန်သာသနာအတွက် အလ္လာဟ်အရှင်မြတ်ထံ အာဖိယသ်ကို တောင်းခံရန် အမိန့်ပေးခြင်းခံရသကဲ့သို့ပင် လောကီကိစ္စရပ်များအတွက်လည်း ထိုသို့တောင်းခံရန် အမိန့်ပေးခြင်းခံရသည်။
အလ္လာမဟ် သွီဗီက ဤသို့ဆိုသည်- (ဤဒုအာတွင်) အရပ်ခြောက်မျက်နာလုံးကို လွမ်းခြုံဖော်ပြထားသည်။ အကြောင်းမှာ ဘေးအန္တရာယ်များသည် ထိုနေရာများမှလာသောကြောင့်ဖြစ်ပြီး၊ အောက်ဖက်မှလာသော ဘေးအန္တရာယ်( မြေငလျင်) သည် ဆိုးရွားလွန်းသည့်အတွက် ၎င်းအား အထူးတလည် ဖော်ပြထားခြင်းဖြစ်သည်။
ဤဇိကိရ်များကို ရွတ်ဖတ်ရန် အကောင်းဆုံးအချိန်မှာ မနက်ခင်းတွင် နေ့၏အစဖြစ်သော မိုးသောက်အာရုဏ်တက်ချိန်မှ နေထွက်ချိန်အထိနှင့် ညနေပိုင်းတွင် အစွရ်နမားဇ်ပြီးသည့်နောက်မှ နေမဝင်မီအချိန်အထိ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုဇိကိရ်များကို ၎င်းအချိန်ကျော်လွန်ပြီးမှ ဥပမာ- နံနက်ပိုင်း နေမြင့်ပြီးနောက်မှ ရွတ်ဖတ်လျှင်လည်း လုံလောက်ပါသည်။ ဇုဟုရ်အချိန်ပြီးနောက်မှ ရွတ်ဖတ်လျှင်လည်း လုံလောက်ပါသည်။ မဂ်ရိဗ်ပြီးနောက်မှ ရွတ်ဖတ်လျှင်လည်း လုံလောက်ပါသည်။ အကြောင်းမှာ ယင်းအချိန်များအားလုံးသည် ဇိကိရ်ပြုလုပ်ရန်အချိန် ဖြစ်သောကြောင့်တည်း။
ဇိကိရ်နှင့်ပတ်သက်၍ ညအချိန်တွင်သာ ဖတ်ရွတ်ရန် သီးသန့်အချိန်တစ်ခုကို သတ်မှတ်ညွှန်ပြထားပါက - ( ဥပမာ - စူရာဟ်ဘကရာဟ်၏ နောက်ဆုံးအာယတ်တော်နှစ်ပိုဒ်ကို ရွတ်ဖတ်ခြင်းကဲ့သို့သော အခြေအနေမျိုးတွင် ) ထိုဇိကိရ်ကို ညအချိန် နေဝင်ပြီးနောက်တွင်သာ ရွတ်ဖတ်ရမည်ဖြစ်သည်။
