إعدادات العرض
ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏…
ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။"
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو हिन्दी 中文 Kurdî Português Nederlands অসমীয়া Tiếng Việt ગુજરાતી Kiswahili پښتو සිංහල Hausa Tagalog മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română ไทย Українська मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Wolof ភាសាខ្មែរ ಕನ್ನಡ Malagasy Kinyarwanda Shqip Yorùbá Српски தமிழ் Oromooالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကာဖိရ်တို့အား ဂျိဟာဒ်ပြုရန်နှင့် အလ္လာဟ်အရှင်မြတ်၏ စကားတော် မြင့်မားစေရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုနည်းလမ်းများအနက် အချို့မှာ - ၁။ ၎င်းတို့အား တိုက်ခိုက်ရာတွင် ဥစ္စာပစ္စည်း သုံးစွဲခြင်း၊ (ဥပမာ-) လက်နက်များဝယ်ယူခြင်းနှင့် မုဂျာဟိဒ်များအတွက် သုံးစွဲခြင်း စသည်တို့ဖြစ်သည်။ ၂။ မိမိ၏အသက်နှင့်ကိုယ်ခန္ဓာကို စွန့်၍ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထွက်ခြင်း။ ၃။ နှုတ်လျှာဖြင့် ၎င်းတို့အား ဤအစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ခြင်း၊ (၎င်းတို့မငြင်းနိုင်အောင်) ၎င်းတို့အပေါ် သက်သေအထောက်အထားများပြသခြင်း၊ ၎င်းတို့ကို ခြိမ်းခြောက်ခြင်းနှင့် ၎င်းတို့၏ (စောဓကများအား) ပြန်လည်ဖြေကြားခြင်း တို့ဖြစ်သည်။فوائد الحديث
မုစ်လင်မ်တိုင်းသည် မိမိ၏ စွမ်းဆောင်
နိုင်စွမ်းအားလျော်
စွာ မုရှ်ရိက်တို့အား အသက်၊ ဥစ္စာပစ္စည်းနှင့် နှုတ်လျှာဖြင့် ဂျိဟာဒ်ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ ထို့ပြင် ဂျိဟာဒ်သည် အသက်စွန့်၍ တိုက်ခိုက်ခြင်းတစ်ခုတည်းနှင့် ကန့်သတ်ထားခြင်း မဟုတ်ပါ။
ဂျိဟာဒ်၏ အမိန့်တော်သည် ဖရဿွဟ် (တာဝန်ဝတ္တရား) အဖြစ် ညွှန်ပြသည်။ ယင်းသည် တစ်ခါတစ်ရံတွင် ဖရဿွ်အိုင်းန် (တစ်ဦးချင်းစီ၏ တာဝန်) ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဖရဿ်ွကိဖာယဟ် (လူအချို့ပြုလုပ်ရုံဖြင့် ကျန်သူများထံမှ တာဝန်ကျသွားသည့် တာဝန်) ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ဂျိဟာဒ်ကို အောက်ပါ ရည်ရွယ်ချက်များအတွက် ပြဋ္ဌာန်းထားတော်မူသည်-
၁။ ရှိရ်က်တုဖက်ကိုးကွယ်ခြင်းနှင့် မုရှ်ရိက်တို့အား တွန်းလန်တိုက်ဖျက်ရန်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ။ ရှိရ်က်တုဖက်ကိုးကွယ်ခြင်းကို လုံးဝလက်ခံတော်မမူသောကြောင့် ဖြစ်သည်။
၂။ အလ္လာဟ်အရှင်မြတ်ဘက်သို့ ဒအ်ဝသ်ဖိတ်ခေါ်မှုလမ်းကြောင်းတွင် ပေါ်ပေါက်လာသော အဟန့်အတားများကို ဖယ်ရှားရန်။
၃။ အကီဒဟ်ယုံကြည်ချက်အား ဆန့်ကျင်သော အရာတိုင်းမှ ကာကွယ်ရန်။
၄။ မုစ်လင်မ်များ၊ ၎င်းတို့၏ နိုင်ငံများ၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ၎င်းတို့၏ ဥစ္စာပစ္စည်းများအား ကာကွယ်ရန်အတွက် စသည်တို့ဖြစ်သည်။
التصنيفات
ဂျိဟာဒ်၏ အမိန့်ပညတ်ချက်။