إعدادات العرض
လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများ အပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင်…
လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများ အပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။
အဗူမတ်စ်အူးဒ်အလ်ဗဒရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများ အပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල Kiswahili தமிழ் دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan ქართული тоҷикӣ bm Македонскиالشرح
အကယ်၍ လူတစ်ဦးသည် မိမိကသုံးစွဲရန်တာဝန်ရှိသော အိမ်သူအိမ်သားများ ဇနီး၊သားသမီးနှင့် ၎င်းတို့ကဲ့သို့သော အခြားသူများအပေါ် ပေးကမ်းသုံးစွဲခဲ့ပြီး ထိုသုံးစွဲခြင်းအပေါ် အရှင်မြတ်နှင့် နီးကပ်မှုရရှိရန်နှင့် အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ်ရရှိရန် မျှော်လင့်ချက်ထားခဲ့ပါက ၎င်းသည် ထိုသုံးစွဲမှုကြောင့် ဆင်းရဲသားများ၊ ၎င်းတို့ကဲ့သို့ လိုအပ်ချက်ရှိသူများနှင့် အခြားကောင်းမွန်သည့်နေရာများ၌ ဆွဒ်ကဟ်အလှူဒါနပြုသကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။فوائد الحديث
မိသားစုအပေါ် သုံးစွဲခြင်းဖြင့် အကျိုးကုသိုလ်ရရှိသည်။ မုအ်မင်န်တစ်ဦးသည် မိမိ၏အမလ်ကောင်းမှုအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်နှင့် အရှင်မြတ်ချီးမြှင့်မည့် အကျိုးကုသိုလ်ကိုရရှိရန်အတွက်သာ ဆောင်ရွက်ရမည်။
التصنيفات
အသုံးစရိတ်များ။