“ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို…

“ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”

အုဗာဒဟ် ဗင်န် စွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အတိုးဖြစ်သော ပစ္စည်းခြောက်မျိုး (ရွှေ၊ ငွေ၊ ဂျုံ၊ မုယောစပါး၊ စွန်ပလွံသီး၊ ဆား) ကို ရောင်းဝယ် ဖောက်ကားရာတွင် မှန်ကန်သောနည်းလမ်းကို ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထိုပစ္စည်းအမျိုးအစားတူ (ဥပမာ ရွှေကိုရွှေဖြင့်၊ ငွေကို ငွေဖြင့်) ရောင်းဝယ်ပါက စည်းကမ်းချက်နှစ်ချက် လိုအပ်သည်။ ၁။ ရွှေ၊ ငွေကဲ့သို့ အလေးချိန်ဖြင့် ရောင်းဝယ်ရသော ပစ္စည်းများတွင် အလေးချိန် ညီမျှခြင်း၊ သို့မဟုတ် ဂျုံ၊ မုယောစပါး၊ စွန်ပလွံ၊ ဆားကဲ့သို့ ချိန်တောင်းဖြင့် ရောင်းဝယ်ရသော ပစ္စည်းများတွင် ချင်တွယ်ခွက်ညီမျှခြင်း။ ၂။ ရောင်းဝယ်သည့် မဂျ်လိစ် (အရောင်းအဝယ်ပြုလုပ်ရာ ထိုင်ဝိုင်း) အတွင်းမှာပင် ရောင်းသူက ငွေကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်းနှင့် ဝယ်သူက ကုန်ပစ္စည်းကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်း။ အကယ်၍ ဤပစ္စည်းအမျိုးအစားများ ကွဲပြားသွားပါက ဥပမာ- ရွှေကို ငွေဖြင့် လဲလှယ်ရောင်းဝယ်ခြင်း၊ စွန်ပလွံသီးကို ဂျုံဖြင့် လဲလှယ်ရောင်းဝယ်ခြင်း စသည်တို့တွင် အရောင်းအဝယ် ပိုင်ရန်အတွက် စည်းကမ်းချက်တစ်ခု လိုအပ်သည်။ ၎င်းမှာ အရောင်း အဝယ်ပြုလုပ်သည့် ထိုင်ဝိုင်းအတွင်းမှာပင် ရောင်းသူက ငွေကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်းနှင့် ဝယ်သူက ကုန်ပစ္စည်းကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရောင်းဝယ်မှုမှာ ပျက်ပျားသွားပြီး ရောင်းသူနှင့် ဝယ်သူနှစ်ဦးစလုံးသည် ဟရာမ်ဖြစ်သောအတိုးစားခြင်း၌ ကျရောက်သွားသည်။

فوائد الحديث

အတိုးဖြစ်သော ဥစ္စာပစ္စည်းများနှင့် ၎င်းတို့အားရောင်းဝယ်ပုံကို ရှင်းလင်း ဖော်ပြထားခြင်း။

အတိုးပါဝင်သော ရောင်းဝယ်ဖောက်ကားမှုမှ တားမြစ်ထားခြင်း။

ငွေစက္ကူများသည် အတိုးဖြစ်ရသည့် အကြောင်းရင်းတွင် ရွှေနှင့် ငွေ၏ အမိန့်အတိုင်းပင် ဖြစ်သည်။

အတိုးဖြစ်သော ပစ္စည်းခြောက်မျိုး ရောင်းဝယ်ခြင်းတွင် အခြေအနေ (၃) မျိုး ရှိသည်။

၁။ အတိုးဖြစ်သော ပစ္စည်းနှင့် အတိုးဖြစ်သော ပစ္စည်း ဂျင်န်စ် (အမျိုးအစားတူ) ဖြစ်ခြင်း။ ဥပမာ ရွှေနှင့် ရွှေ၊ စွန်ပလွံသီးနှင့် စွန်ပလွံသီး၊ ဤသို့ဖြစ်ပါက ရောင်းဝယ်မှု မှန်ကန်ရန်အတွက် စည်းကမ်းချက်နှစ်ခု လိုအပ်သည်။ (၁) အလေးချိန် (သို့) ချိန်တောင်း ညီမျှခြင်း။ (၂) ရောင်းဝယ်သည့် မဂ်ျလိစ်ထိုင်ဝိုင်းအတွင်းမှာပင် ချက်ချင်းလက်ငင်း လက်ခံရယူခြင်း။

၂။ အတိုးဖြစ်သော ပစ္စည်းနှင့် အတိုးဖြစ်သော ပစ္စည်း အမျိုးအစားမတူသော်လည်း အတိုးဖြစ်ရသည့် အကြောင်းရင်းခံတူညီခြင်း။ ဥပမာ ရွှေနှင့်ငွေ (နှစ်မျိုးစလုံးသည် ချိန်တွယ်၍ ရောင်းဝယ်ရပြီး ငွေကြေးတန်ဖိုးကို ကိုယ်စားပြုသည်)၊ ဂျုံနှင့်မုယော (နှစ်မျိုးစလုံးသည် ချိန်တောင်းဖြင့် ရောင်းဝယ်ရပြီး အခြေခံ စားနပ်ရိက္ခာဖြစ်သည်)။ ဤသို့ဖြစ်ပါက ရောင်းဝယ်မှု မှန်ကန်ရန်အတွက် စည်းကမ်းချက်မှာ ရောင်းဝယ်သည့် မဂ်ျလိစ်ထိုင်ဝိုင်းအတွင်းမှာပင် ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ဖြစ်သည်။ အလေးချိန် ချိန်တောင်း ညီမျှရန် မလိုအပ်ပေ။

၃။ အတိုးဖြစ်သော ပစ္စည်းနှင့် အတိုးဖြစ်သော ပစ္စည်း အမျိုးအစားမတူဘဲ အတိုးဖြစ်ရသည့် အကြောင်းရင်းခံလည်း မတူဘဲကွဲပြားခြင်း။ ဥပမာ ရွှေကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းဝယ်ခြင်း။ဤသို့ဖြစ်ပါက ချက်ချင်းလက်ငင်းလက်ခံရန်မလိုအပ်သလို အလေးချိန် ချိန်တောင်း ညီမျှရန်လည်း မလိုအပ်ပေ။

အတိုးမဖြစ်သော ပစ္စည်းများ သို့မဟုတ် တစ်မျိုးက အတိုးဖြစ်ပြီး ကျန်တစ်မျိုးက အတိုးမဖြစ်သော ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဥပမာ- အိမ်ခြံမြေကို ရွှေဖြင့် ရောင်းဝယ်ခြင်းအတွက် ချက်ချင်းလက်ငင်းလက်ခံရယူရန်မလိုအပ်သလို အလေးချိန် ချိန်တောင်း ညီမျှရန်လည်း မလိုအပ်ပေ။

التصنيفات

အတိုး။