အတိုး။

အတိုး။

1- ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။

2- “ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”