إعدادات العرض
ငါကိုယ်တော့်ထံမှ တစ်စုံတစ်ရာကို ကြားသိခဲ့ပြီး ထိုအကြောင်းအရာကို ကြားသိခဲ့သည့်အတိုင်း (အခြားသူများထံ)…
ငါကိုယ်တော့်ထံမှ တစ်စုံတစ်ရာကို ကြားသိခဲ့ပြီး ထိုအကြောင်းအရာကို ကြားသိခဲ့သည့်အတိုင်း (အခြားသူများထံ) ပို့ဆောင်ပေးသော သူအား အလ္လာဟ်အရှင်မြတ်သည် ရွှင်လန်းသာယာစေတော်မူပါစေသတည်း။ တစ်ခါတစ်ရံ ပို့ဆောင်ခံရသူတို့သည် ပို့ဆောင်သူများထက် ပိုမိုနားလည် သဘော ပေါက်တတ်ကြသောကြောင့် ဖြစ်သည်"။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "ငါကိုယ်တော့်ထံမှ တစ်စုံတစ်ရာကို ကြားသိခဲ့ပြီး ထိုအကြောင်းအရာကို ကြားသိခဲ့သည့်အတိုင်း (အခြားသူများထံ) ပို့ဆောင်ပေးသော သူအား အလ္လာဟ်အရှင်မြတ်သည် ရွှင်လန်းသာယာစေတော်မူပါစေသတည်း။ တစ်ခါတစ်ရံ ပို့ဆောင်ခံရသူတို့သည် ပို့ဆောင်သူများထက် ပိုမိုနားလည် သဘော ပေါက်တတ်ကြသောကြောင့် ဖြစ်သည်"။
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी Español Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Malagasy Українська Tagalog ភាសាខ្មែរ ಕನ್ನಡ Svenska پښتو Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဟဒီးစ်တော်ကို ကြားနာပြီး အလွတ်ကျက်မှတ်ကာ အခြားသူများထံ ပြန်လည်ပို့ဆောင်ပေးသူအတွက် လောကီဘဝ၌ နုပျိုတင့်တယ်ခြင်း၊ ရွှင်လန်းဝပြောခြင်း နှင့် နောင်တမလွန်ဘဝ၌ ဂျန္နသ်၏ အေးမြခြင်း၊ စိမ်းစိုဝေဆာခြင်း စသော ကောင်းချီးမင်္ဂလာများရရှိရန် ဒုအာပြုပေးတော်မူခဲ့သည်။ အကြောင်းမှာ တစ်ခါတစ်ရံတွင် ဟဒီးစ်ကို လက်ခံရရှိသူသည် မူလကြားနာရသူထက်ပင် ပိုမိုနားလည် သဘောပေါက်တတ်မြောက်ပြီး ဟဒီးစ်မှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်နိုင်စွမ်း ရှိတတ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ပထမသူသည် အလွတ်ကျက်မှတ်ခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပြီး ဒုတိယသူသည် ဟဒီးစ်တော်၏ အလိုသဘောအဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းနှင့် အချက်အလက်များ ကောက်နုတ်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။فوائد الحديث
၁။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်တော်ကို ထိန်းသိမ်းရန် နှင့် ပြန်လည်ပို့ဆောင်ရန် တိုက်တွန်းထားခြင်း။
၂။ ဟဒီးစ်ပညာရှင်များ၏ ထွတ်မြတ်မှုနှင့် ဟဒီးစ်တော်ကို လေ့လာဆည်းပူးခြင်း၏ မြင့်မြတ်မှုကို ဖော်ပြထားခြင်း။
၃။ ဟဒီးစ်တော်များမှ အလိုသဘောအဓိပ္ပါယ်ကို ကောက်နုတ်နားလည်သူ ပညာရှင်များ၏ ထွတ်မြတ်မှုကို ဖော်ပြထားခြင်း။
၄။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်))၏ ဟဒီးစ်တော်များကို ကြားနာခဲ့ကြပြီး၊ ယင်းဟဒီးစ်တော်များကို ကျွန်ုပ်တို့ထံ ပို့ဆောင်ခဲ့ကြသော ဆွဟာဗဟ်သာဝကကြီးများ၏ ထွတ်မြတ်မှုကို ဖော်ပြထားခြင်း။
၅။ အိမာမ်မုနာဝီက ဆိုသည်မှာ- ဤဟဒီးစ်တော်က ဟဒီးစ်ဆင့်ပြန်သူ (ရာဝီ) သည် ဟဒီးစ်၏ အလိုသဘောအဓိပ္ပါယ်ကို နက်နက်နဲနဲ နားလည်တတ်မြောက်ရန် မလိုအပ်ကြောင်း ရှင်းပြထားသည်။ ဆင့်ပြန်သူရာဝီ၏ အဓိကတာဝန်မှာ ဟဒီးစ်ကို အလွတ်ကျက်မှတ်ထားရန်သာ ဖြစ်သည်။ ဟဒီးစ်၏ အလိုသဘောအဓိပ္ပါယ်ကို နားလည်သဘော
ပေါက်ခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်း အလုပ်မှာ ဖိကဟ်ပညာရှင်များ၏ တာဝန်ဖြစ်သည်။
၆။ စုဖ်ယားန် ဗင်န် အိုင်ယိုင်ယ်နဟ်က မိန့်ဆိုသည်မှာ- ဤဟဒီးစ်အရ မည်သူမဆို ဟဒီးစ်တော်ကို ရှာဖွေလေ့လာဆည်းပူးပါက ထိုသူ၏မျက်နှာ၌ ရွှင်လန်းသာယာခြင်း အဆင်းလက္ခဏာ တစ်စုံတစ်ရာ ထင်ဟပ်နေတတ်သည်။
၇။ ဟဒီးစ်ပညာရှင်များထံ အလွတ်
ကျက်မှတ်ခြင်းမှာ နှစ်မျိုးနှစ်စားရှိသည် - နှလုံးသားဖြင့်ကျက်မှတ်ခြင်း(အာဂုံဆောင်ခြင်း) နှင့် စာအုပ်၊ စာရွက်တို့၌ မှတ်တမ်းတင် ရေးမှတ်ထားခြင်း ဟူ၍ နှစ်မျိုးရှိသည်။ ဤဟဒီးစ်တော်၏ ဆုတောင်းချက်တွင် နည်းလမ်းနှစ်မျိုးစလုံး ပါဝင်သည်။
၈။ လူသားတို့၏ နားလည်သဘော
ပေါက်နိုင်စွမ်းများသည် မတူညီကြပေ။ ထို့ကြောင့် တစ်ခါတစ်ရံ ဟဒီးစ်ကို ပြန်လည်ပို့ဆောင်သူသည် ကြားနာရသူထက်ပင် ပိုမိုနားလည်သဘောပေါက်တတ်သည်။ ထို့အတူ ဖိကဟ်ပညာရပ်ကို သယ်ဆောင်သူ အများအပြားသည် ဖိကဟ်ပညာရှင်များ မဟုတ်တတ်ကြပေ။
