အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင်…

အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။

အမ်ရ်ဗင်န်ဆုလိုင်မာန် အလ်အန်ဆွာရီ ဆင့်ပြန်သည်မှာ ကျွန်တော်သည် ဤဟဒီးဆ်ကို အဗူစအီးဒ်ဆင့်ပြန်ကြောင်း သက်သေပေးပါသည်။ ကျွန်တော်သည် ဤဟဒီးဆ်ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့ကြောင်း သက်သေပေးပါသည်။ အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သောကြာနေ့တွင် ရေချိုးခြင်းသည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိသူ အရွယ်ရောက်ပြီးသော မွတ်စ်လင်မ် အမျိုးသားတိုင်းအပေါ် အလွန်အရေးကြီးသော တာဝန်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် သွားများကို တံပူနှင့် တံပူကဲ့သို့သောအရာများဖြင့် သွားတိုက်ရန်၊ မွှေးကြိုင်သောရနံ့ရှိသောအရာများဖြင့်အမွှေးအကြိုင်သုတ်လိမ်းရန် အမိန့်ပေးထားသည်။

فوائد الحديث

သောကြာနေ့တွင် ရေချိုးခြင်းသည် အရွယ်ရောက်ရွယ်ရောက်ပြီးသူ မွတ်စ်လင်မ်အမျိုးသားတိုင်းအပေါ် အလွန်အရေးပါသော မွတ်စ်သဟဗ်ဖြစ်သည်။

သန့်ပြန့်မှုရှိခြင်း၊ အနံ့ဆိုးများ ပပျောက်သွားအောင်ပြုလုပ်ခြင်းတို့သည် မွတ်စ်လင်မ်တစ်ဦးအတွက် ရှရီအသ် တရားတော်က တောင်းဆိုထားသော အရာပင်ဖြစ်သည်။

သောကြာနေ့ကို ဂုဏ်ပေးရန်၊ သောကြာနေ့အတွက်ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းထားသည်။

သောကြာနေ့တွင် တံပူစားခြင်းသည် အလွန်အရေးပါသော မွတ်စ်သဟဗ်ဖြစ်သည်။

သောာကြာဆွလာသ်ဝတ်ပြုရန်မသွားမီအလျင် မည့်သည့်ရေမွှေးကိုမဆို သုံးဆွဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

အမျိုးသမီးများသည် ဆွလာသ်ဝတ်ပြုရန် သို့မဟုတ် အခြားကိစ္စရပ်များအတွက် အိမ်မှထွက်ခွာသောအခါ မွှေးကြိုင်သောရနံ့ကို မသုံးစွဲရန် တားမြစ်ထားသည်။ ဤသို့ပြုခြင်းမှာ ဟရာမ်ဖြစ်ကြောင်း ဟဒီးဆ်တော်လာ အထောက်ထားများအရ သိရှိရသည်။

အရွယ်ရောက်ခြင်းကို အမှတ်အသားအချို့ဖြင့်သိရှိနိုင်သည်။ ထိုအမှတ်အသားများအနက် သုံးခုသည် အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးနှင့် သက်ဆိုင်သည်။ ၎င်းတို့မှာ ၁။ အသက် (၁၅) နှစ် ပြည့်မြောက်ခြင်း၊ ၂။ လိင်အင်္ဂါပတ်လည်တွင် အမွေးအရင့်များ ပေါက်ခြင်း၊ ၃။ အိပ်မက်မက်ခြင်းကြောင့်ဖြစ်စေ၊ ရာဂစိတ်ကြောင့်ဖြစ်စေသုတ်လွှတ်ခြင်း။ စတုတ္ထအမှတ်အသားသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်။ ၎င်းမှာ ရာသီသွေးပေါ်ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ရာသီသွေးပေါ်ပါက သူမသည် အရွယ်ရောက်ပြီဟုသတ်မှတ်ရသည်။

التصنيفات

ဂျုမုအဟ်ဆွလာသ်၏ အမိန့်ပညတ်ချက်များ။