إعدادات العرض
ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။…
ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ သုံးကြိမ်ရေယူကာ ပလုတ်သုံးကြိမ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်မှုပြုခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
ယဟ်ယာဗင်န် အုမာရဟ် အလ်မာဇိနီးက ဆင့်ပြန်ပြောကြားခဲ့သည်။ အမ်ရ်ဗင်န် အဗူဟစန်က အဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်ကို ကျွန်ုပ်မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက ရေအိုးတစ်လုံးတောင်းယူခဲ့ပြီး ၎င်းတို့အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူအတိုင်း ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ သုံးကြိမ်ရေယူကာ ပလုတ်သုံးကြိမ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်မှုပြုခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Tiếng Việt Svenska ગુજરાતી Yorùbá پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Lietuvių Српски Українська Kinyarwanda Shqip ಕನ್ನಡ Wolof Moore ქართული Magyar தமிழ் Македонски Azərbaycan Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italiano ភាសាខ្មែរالشرح
အဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူပြုလုပ်ပုံကို လက်တွေ့ပြသခဲ့သည်။ သူသည် ရေအိုးအသေးတစ်လုံးကို တောင်းခဲ့ပြီး ပထမဦးဆုံး မိမိ၏လက်နှစ်ဖက်ကို ဆေးကြောခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ရေအိုးကိုစောင်းကာ မိမိလက်နှစ်ဖက်ပေါ်သို့ ရေလောင်းချပြီး ရေအိုးအပြင်ဘက်၌ လက်နှစ်ဖက်ကို သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် မိမိလက်ကို ရေအိုးထဲသို့ ထည့်ကာ သုံးကြိမ်ရေယူသည်။ တစ်ကြိမ်စီတိုင်းတွင် ရေယူပြီးနောက် ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်မှုပြုခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မျက်နှာအားသုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မိမိလက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်စီ ဆေးကြောခဲ့သည်။ ထို့နောက် မိမိ၏လက်နှစ်ဖက်အား အိုးထဲသို့ ထည့်ပြီး လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။ မစဟ်ပြုရာတွင် ဦးခေါင်းအရှ့ဘက်မှ စတင်ကာ အနောက်ဘက် လည်ဂုတ်အစပ်နားအထိ ပွတ်သပ်ပြီး ထိုမှ ဦးခေါင်းအရှ့ဘက် မစဟ်စတင်ပြုလုပ်ရာသို့ ပြန်လည် ပွတ်သပ်ခဲ့သည်။ ၎င်းနောက် မိမိ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအပါအဝင် ဆေးကြောခဲ့သည်။فوائد الحديث
ဆရာ၏ အပြုအမူသည် ပညာရပ်ကို ကျွမ်းကျင်စေရန်နှင့် နားလည်သဘောပေါက်စေရန်အတွက် အနီးစပ်ဆုံး နည်းလမ်းဖြစ်ရမည်။ လက်တွေ့ပြသခြင်းသည် ထိုနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
ဝုဿွူပြုရာတွင် အချို့အစိတ်အပိုင်းများကို သုံးကြိမ် ဆေးကြောပြီး အချို့အစိတ်အပိုင်းများကို နှစ်ကြိမ်ဆေးကြောခြင်း ပိုင်သည်။ တစ်ကြိမ် ဆေးကြောခြင်းမှာ ဖရ်ဿ်ွဖြစ်သည်။
ဟဒီးဆ်တော်တွင် လာရှိသည့် အစီအစဉ်အတိုင်း ဝူဿွူပြုရမည့် အစိတ်အပိုင်းများကို အစဉ်လိုက် ဆေးကြောခြင်း ဝါဂျိဗ်ဖြစ်သည်။
မျက်နှာ၏ အတိုင်းအတာမှာ အလျားအားဖြင့် ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာ နဖူးဆံစမှ မုတ်ဆိတ်မွေးအောက်ဖက် မေးစေ့အဆုံးအထိဖြစ်ပြီး အနံအားဖြင့် တစ်ဖက်နားရွက်မှ တစ်ဖက်နားရွက်အထိဖြစ်သည်။
التصنيفات
ဝုဿွူပြုလုပ်ရမည့်ပုံစံ။