إعدادات العرض
ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို…
ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Svenska Кыргызча Yorùbá ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စွဟာဗဟ်တို့အား အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး၊ မလာအိကဟ်ကောင်းကင်တမန်များ၏ (မှတ်တမ်း) စာအုပ်များမှ ပပျောက်စေကာ၊ ဂျန္နတ်သုခဘုံ၌ မြင့်မြတ်သော နေရာအဆင့်အတန်းများကို ရရှိစေသည့် အမလ်များကို ညွှန်ပြရမည်လော မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်များက- ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့သည် ထိုသို့သော အမလ်များကို လိုလားပါ၏ လျှောက်ထားကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- ပထမအချက်- ခက်ခဲမှုရှိသော အခြေအနေများ ဥပမာ- ( ဆောင်းရာသီ၏ )အအေး၊ ရေရှားပါးမှု၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲမှု၊ ရေပူဖြင့်ဆေးကြောရမှု စသည်တို့တွင် ဝူဿွူကို ပြည့်စုံစွာ၊ စနစ်တကျ ပြုလုပ်ခြင်း။ ဒုတိယအချက်- ခရီးဝေးသော ကြောင့် ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လျှောက်ခြင်းနှင့် မကြာခဏ ထပ်ကာထပ်ကာ သွားရောက်ခြင်း။ တတိယအချက်- ဆွလာသ်ဝတ်ပြုချိန်ကို စောင့်ဆိုင်းခြင်း၊ စိတ်နှလုံးကို ဆွလာသ်ဝတ်ပြုမှုဖြင့် ချိတ်ဆက်ထားခြင်း၊ ဆွလာသ်အတွက် အသင့်ပြင်ဆင်ခြင်းနှင့် ဂျမာအသ်နှင့်အတူဝတ်ပြုရန်အတွက် ဗလီ၌ထိုင်ကာ စောင့်ဆိုင်းခြင်း၊ ထို့နောက် ဆွလာသ်တစ်ခုကို ဝတ်ပြုပြီးနောက် နောက်ထပ်ဆွလာသ်အတွက် မိမိ၏ဝတ်ပြုရာနေရာ၌ပင် စောင့်ဆိုင်းနေခြင်း။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအချက်များသည် ရိဗာသွ်အစစ်အမှန် (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်း) ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် နဖ်စ်(စိတ်နှလုံးသား)ပေါ်သို့ ( လွှမ်းမိုးနိုင်သည့် )ရှိုင်တွာန်၏လမ်းကြောင်းများကို ပိတ်ဆို့ပေးပြီး၊ မိမိ၏စိတ်ဆန္ဒကို နှိမ်နင်းကာ၊ စိတ်ထဲဖြစ်ပေါ်လာသော မကောင်းသောအတွေးများကို လက်ခံခြင်းမှ တားဆီးပေးသောကြောင့်ဖြစ်သည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အုပ်စုတပ်သားများသည် ရှိုင်တွာန်၏စစ်တပ်များကို အောင်နိုင်ကြသည်။ ထိုအရာသည် အကြီးမြတ်ဆုံးသော ဂျိဟာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းအမလ်ကောင်းမှုများသည် ရန်သူ၏စစ်မျက်နှာတွင် စောင့်ကြပ်နေခြင်း(ရိဗာသ်ွ)၏ အဆင့်အတန်းတွင်ရှိနေရခြင်းဖြစ်သည်။فوائد الحديث
ဗလီ၌ ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းကို ထိန်းသိမ်းလုပ်ဆောင်ခြင်း၊ ဆွလာသ်များကို အလေးထားဂရုစိုက်ခြင်းနှင့် ဆွလာသ်များကို မပျက်မကွက်( ဝတ်ပြုခြင်း )၏ အရေးပါမှု။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ကောင်းမွန်သော တင်ပြဟန်နှင့် စွဟာဗဟ်ကြီးများအား စိတ်ဝင်စားအောင် ဆွဲဆောင်မှု - ကိုယ်တော်မြတ်သည် စွဟာဗဟ်တို့အား မေးခွန်းပုံစံဖြင့် ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလာဘ်ကို အစချီဖော်ပြခဲ့ခြင်းဖြစ်ပြီး ဤသည် သင်ကြားရေးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
အမေး၊ အဖြေပုံစံဖြင့် ကိစ္စရပ်တစ်ခုကို တင်ပြခြင်း၏အကျိုးကျေးဇူး -
ဝေဝါးမှုကို ဖြစ်စေပြီး ထို့နောက် ရှင်းလင်းချက်ပေးသည့် နည်းလမ်းအားဖြင့် စကားသည် နှလုံးသားထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
အိမာမ် နဝဝီ(ရဟိမဟုလ္လာဟ်)က ဤသို့ဆိုသည်- ""ဖဇါလိကုမုရ်ရိဗာသ်ွ" ဆိုသည့် စကားရပ်သည် အားပေးထောက်ခံထားသော "ရိဗာသ်ွ" ကို ရည်ညွှန်းသည်။ ရိဗာသ်ွ၏ မူလအဓိပ္ပာယ်မှာ တစ်စုံတစ်ရာအပေါ်၌ ချုပ်နှောင်ထားခြင်း ဖြစ်သည်။ ထိုသူသည် မိမိကိုယ်ကို ဤနည်းလမ်းအတိုင်း လိုက်နာကျင့်ကြံရန် ချုပ်နှောင်ထားသည်နှင့် တူသည်။ အချို့က "ဤသည် အကောင်းဆုံးသော ရိဗာသ်ွဖြစ်သည်" ဟု ဆိုကြသကဲ့သို့ အချို့က"ဂျိဟာဒ်သည် နဖ်စ်(မိမိတို့၏ စိတ်နှလုံးသား)ကို ဂျိဟာဒ်ပြုခြင်းပင်ဖြစ်သည်" ဟုလည်း ဆိုကြသည်။ သို့မဟုတ် "ဤသည် လွယ်ကူစွာ ပြုလုပ်နိုင်သော ရိဗာသ်ွ အမျိုးအစားဖြစ်သည်" ဟူ၍လည်း ဖွင့်ဆိုနိုင်သည်။
" အတ်ရ်ရိဗွာသ်" ဟူသော စကားလုံးကို "အလ်" ဆိုသည့် အတိကျပြပုဒ်ဖြင့် ထပ်ကာထပ်ကာ သုံးနှုန်းခြင်းသည် ဤအမလ်များ၏ အဆင့်အတန်းကို ကြီးမြတ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
