إعدادات العرض
ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင်…
ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်
ဆုလိုင်မားန် ဗင်န် စွုရဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူထိုင်နေစဉ် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာနေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟု မိန့်တော်မူသည်။ ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုအခါ ထိုသူက "ကျွန်ုပ် ရူးသွပ်နေတယ်လို့ (ထင်နေကြသလား)" ဟုပြန်ပြောလေသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Türkçe اردو 中文 हिन्दी Tagalog Kurdî Kiswahili Português සිංහල Русский Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو Hausa മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska ಕನ್ನಡ Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ Malagasy Yorùbá Српски Lietuvių Kinyarwanda Shqip தமிழ் Oromooالشرح
လူနှစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရှေ့မှောက်တွင် တစ်ဦးကိုတစ်ဦး ဆဲရေးတိုင်းထွာကာ ရန်ဖြစ်နေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူ၏အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူ၏ အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုသူက "ကျွန်ုပ် ရူးသွပ်နေသူလား" ဟု ပြန်လည်ပြောဆိုခဲ့သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံခြင်းအား ရူးသွပ်နေသူသာ ပြုလုပ်သည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်သည်။فوائد الحديث
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အကြောင်းတစ်စုံတစ်ရာ တွေ့ရှိသောအခါ ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ပေးအပ်ခြင်းနှင့် ဆုံးမဩဝါဒများ ချမှတ်ခြင်းကို ဂရုပြု ဆောင်ရွက်တော်မူခြင်း။
အမျက်ဒေါသထွက်ခြင်းသည် ရှိုင်သွာန်ဘက်မှ ဖြစ်သည်။
အမျက်ဒေါသထွက်ခြင်းဖြစ်ပေါ်လာသောအခါ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်မိစ္ဆာကောင်မှ အလ္လာဟ်အရှင်မြတ်ထံ ကာကွယ်မှုကို တောင်းခံရန် ညွှန်ကြားထားသည်။ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ - “(အို-တမန်တော်) အကယ်၍ ရှိုင်တွာန်၏ လှုံ့ဆော်မှုကြောင့် အသင့်အား အမျက်ထွက်စေလျှင် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံလော့။” ( ကုရ်အာန် ၄၁ : ၃၆)
ဆဲရေးတိုင်းထွာခြင်းနှင့် ကျိန်ဆဲခြင်းများမှ သတိပေးခြင်းနှင့် စက်ဆုပ်ရွံရှာစေခြင်း။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည် လူတို့ကြား ဆက်ဆံရေးကို ပျက်စီးစေသောကြောင့်ဖြစ်သည်။
ဆုံးမဩဝါဒကို မကြားခဲ့ရသူထံသို့လည်း လက်ဆင့်
ကမ်းရောက်ရှိစေသင့်သည်၊ သို့မှသာ သူသည်လည်း ၎င်းမှ အကျိုးကျေးဇူး ခံစားရရှိနိုင်မည်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျက်ဒေါသထွက်ခြင်းမှ သတိပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မကောင်းမှုနှင့် စိတ်မထိန်းနိုင်မှုဆီသို့ ဦးတည်စေသောကြောင့်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ တားမြစ်ထားသော အရာများကို ချိုးဖောက်ခြင်းခံရသည့်အခါမှသာ အမျက်ဒေါသထွက်တော်မူသည်။ ဤသည် ချီးမွမ်းထိုက်သော အမျက်ဒေါသထွက်ခြင်း ဖြစ်သည်။
အိမာမ်နဝဝီက "ကျွန်ုပ်၌ စိတ်မနှံ့မှုရှိသည်ကို သင်မြင်ပါသလား" ဟူသော စကားနှင့်စပ်လျဉ်း၍ ဆိုသည်မှာ - ဤစကားကို ပြောသူသည် မုနာဖိက်အရေခြုံတစ်ဦး ဖြစ်လျှင်ဖြစ် သို့မဟုတ် ကျေးလက်ဒေသမှ မယဉ်ကျေးသောသူ တစ်ဦးဖြစ်မည်။
