إعدادات العرض
“သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော…
“သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။” ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် ပုဂ္ဂိုလ်တစ်ဦးက “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဆွေမျိုးအချို့ရှိပါပြီး၊ ကျွန်တော်မျိုးသည် ၎င်းတို့နှင့် ဆွေးမျိုးသားချင်း အဆက်အသွယ်ထားသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ဆက်ဆံမှုဖြတ်တောက်ပါသည်။ ကျွန်တော်မျိုးသည် သူတို့အား ကောင်းစွာဆက်ဆံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ကောင်းစွာဆက်ဆံခြင်း မပြုပါ။ ကျွန်တော်မျိုးသည် ၎င်းတို့အား ခွင့်လွှတ်သည်းခံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအပေါ် မိုက်မဲစွာ ဆက်ဆံပါသည်" ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။” ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ ಕನ್ನಡ Yorùbá Српски Malagasy Kinyarwanda Shqip Oromooالشرح
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်တန်းခဲ့သည်မှာ - ၎င်း၌ ဆွေမျိုးအရင်းအချာများရှိပြီး ၎င်းသည် သူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူတို့ကမူ ဆန့်ကျင်ဘက် ဆက်ဆံသည်။ ၎င်းသည် သူတို့နှင့် ဆွေမျိုးဆက်သော်လည်း သူတို့ကမူ ဆက်ဆံမှုဖြတ်တောက်သည်။ ၎င်းသည် သူတို့အား သစ္စာရှိစွာ ကောင်းမွန်စွာဆက်ဆံသော်လည်း သူတို့ကမူ မတရားမှုနှင့် ကြမ်းတမ်းစွာ ဆက်ဆံသည်။ ၎င်းသည် သူတို့အား သည်းခံခွင့်လွှတ်သော်လည်း သူတို့ကမူ ဆိုးယုတ်သော စကားနှင့် အပြုအမူဖြင့် မိုက်မဲစွာဆက်ဆံသည်။ ထိုသို့ဖြစ်နေပါလျှက် ဆက်လက်၍ ဆွေမျိုးအဆက်အသွယ်ထားသင့်ပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူသည်။ “သင်တင်ပြသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား အရှက်ရစေပြီး ၎င်းတို့အား မိမိတို့၏အမြင်တွင် သေးသိမ်စေလိုက်ခြင်း ဖြစ်သည်။ စင်စစ် သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ ကျေးဇူးပြုမှု များပြားခြင်းနှင့် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကြောင့်ဖြစ်သည်။ စင်စစ် သင်သည် သင်ဖော်ပြခဲ့သောကောင်းမှုအား သူတို့အပေါ်ပြုနေသရွေ့၊ ၎င်းတို့ကလည်း သင်အား မကောင်းမှုပြုနေသရွေ့၊ အလ္လာဟ်အရှင်မြတ်ထံမှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။ ထို့ပြင် သင့်အား ၎င်းတို့၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးနေပေမည်။فوائد الحديث
မကောင်းမှုကို ကောင်းမှုဖြင့် တွန်းလှန်ခြင်းသည် မကောင်းမှုကျူးလွန်သူကို အမှန်တရားဘက်သို့ ပြန်လှည့်စေသည့် အကြောင်းရင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - "အသင်သည် (မကောင်းမှုကို) အကောင်း(ဆုံး နည်းလမ်း)ဖြင့် တုံ့ပြန် တွန်းလှန်လိုက်ပါ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်နှင့် ကြားတွင် ရန်ငြိုး ရှိခဲ့လျှင်ပင် ထိုသူသည် မိတ်ရင်းဆွေရင်းကဲ့သို့ ဖြစ်သွားလိမ့်မည်။" (ကုရ်အာန် ၄၁ : ၃၄ )
အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို နာခံခြင်းသည်၊ ထိုအမိန့်နာခံမှုတွင် ဒုက္ခခံရမှုများ ပါဝင်နေစေကာမူ၊ မုအ်မင်န်ယုံကြည်သူအဖို့ အလ္လာဟ်အရှင်မြတ်၏ အကူအညီကို ရရှိစေသော အကြောင်းရင်း ဖြစ်သည်။
ဆွေမျိုးဖြတ်တောက်ခြင်းသည် လောကီဘဝ၌ ဝေဒနာနှင့် ပြစ်ဒဏ်ဖြစ်ပြီး တမလွန်ဘဝ၌ ပြစ်မှုနှင့် စာရင်းစစ်ဆေးမှု(၏အကြောင်းခံ)ဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏
ကောင်းမှုများကိုလုပ်ဆောင်ရာတွင် အကျိုးဆုလာဘ်ရရှိရန် ရည်ရွယ် မျှော်ကိုးပြီး၊ လူတို့၏ နှောက်ယှက်မှုနှင့် ဆွေမျိုးသားခြင်းတို့၏ အဆက်
အသွယ်ဖြတ်ဆက်မှုများက သူ့ကို သူ၏ ထိုကောင်းသောအလေ့အထမှ ဖြတ်တောက်လိုက်ခြင်းမျိုး မဖြစ်သင့်ပေ။
စစ်မှန်သော ဆွေမျိုးအဆက်အသွယ်ထားရှိသူသည် မိမိအား အဆက်အသွယ်ထားသူကိုသာ ပြန်လည် အဆက်အသွယ်ထားခြင်းမျိုး မဟုတ်ပေ။ အမှန်စင်စစ် မိမိ၏ဆွေမျိုးများ ဆက်သွယ်မှု ပြတ်တောက်သွားသောအခါတွင် ထိုဆက်သွယ်မှုကို ပြန်လည် ရှင်သန်အောင် ဆက်လက်ဆောင်ရွက်ပေးသူသာလျှင် စစ်မှန်သော ဆွေမျိုးအဆက်အသွယ်ထားရှိသူ ဖြစ်သည်။
التصنيفات
ဆွေးမျိုးဆက်ခြင်း၏ ထွတ်မြတ်မှုများ။