إعدادات العرض
ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို…
ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча తెలుగు ქართული Moore Magyar Svenska Македонски ಕನ್ನಡ Українська አማርኛ Kinyarwanda Oromoo ไทย Lietuvių Српски मराठी Wolof ਪੰਜਾਬੀ دری Malagasy ភាសាខ្មែរ தமிழ் Shqipالشرح
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ၎င်း၏ အချစ်တော်နှင့် အဆွေခင်ပွန်းဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အချက်သုံးချက်ကို မှာတမ်းတော်မူခဲ့သည်ဟု အသိပေး တင်ပြခဲ့သည်။ ၎င်းတို့မှာ - ၁။ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းရန်။ ၂။ ဆွလာသွဒ်ဒုဟာ ( ကျားရှ်နမားဇ်) နှစ်ရကအသ်ကို နေ့စဉ် ဝတ်ပြုရန်။ ၃။ မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုရန်။ ဤသည် ည၏ နောက်ဆုံးအချိန်၌ မနိုးမည်ကို စိုးရိမ်သူအဖို့ဖြစ်သည်။فوائد الحديث
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗဟ်သာဝကများအား မိန့်မှာသည့် မှာတမ်းချက်များသည် ၎င်းတို့၏ အခြေအနေကွဲပြားခြားနားမှုအား သိနားလည်ခြင်းပေါ် အခြေခံသည်။ ဥပမာ - အင်အားရှိသူအား ဂျိဟာဒ်၊ အိဗာဒသ်တရားအားထုတ်သူအား ဝတ်ပြုမှုနှင့် ပညာရှင်အား ပညာစသည်ဖြင့် အသီးသီး ညွှန်ကြားခဲ့သည်။
အိဗ်နုဟဂျရ် အစ်ကလာနီက ဆိုသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မိန့်ကြားချက်တွင်ပါဝင်သည့် လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း ဟူသည် အိုင်ယာမိဗီးဿ်ွခေါ် ဟိဂျရီလ၏ (၁၃၊၁၄၊၁၅) ရက်များကို ဆိုလိုသည်။
အိဗ်နုဟဂျရ်ကပင် ဆိုသည်- ထို့ပြင် ဤဟဒီးစ်တော်တွင် ညအချိန် နိုးထရန် မရေရာသူများအတွက် မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
ဤအချက် သုံးချက်၏ အရေးပါမှုမှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ ဆွဟာဗဟ်သာဝကများအနက်မှ အချို့အား ယင်းအချက် သုံးချက်ကို (မပျက်မကွက်) ပြုလုပ်ရန် မှာတမ်းခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။
အိဗ်နု ဒကီးကိလ်အီးဒ်က ဆွလာသွသ်ဒုဟာ နှစ်ရကအသ်ဆိုသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်နှင့်ပတ်သတ်၍ ဤသို့ဆိုသည်- ကိုယ်တော်သည် ဝတ်ပြုရန် အလေးအနက် တိုက်တွန်းထားသည့် အနည်းဆုံး ပမာဏအား တင်ပြတော်မူခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ပြင် ဤအချက်တွင် ဆွလာသွသ်ဒုဟာ ( ကျားရှ်နမားဇ် ) ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းနှင့် ၎င်း၏ အနည်းဆုံးပမာဏမှာ နှစ်ရကအသ်ဖြစ်ကြောင်း ညွှန်ပြထားသည်။
ဆွလာသွသ်ဒုဟာ ( ကျားရှ်နမားဇ် )၏ အချိန်သည် နေထွက်ပြီး (၁၅)မိနစ်ခန့်မှ နေ့လည် ဇုဟုရ်အချိန်မတိုင်မီ (၁၀)မိနစ်အထိဖြစ်ပြီး၊ ၎င်း၏ အရေအ
တွက်- အနည်းဆုံး (၂)ရကအသ်ဖြစ်ပြီး၊ အများဆုံးမှာ (၈)ရကအသ် (သို့) အကန့်အသတ်မရှိ ဟူ၍ အမျိုးမျိုး ဖော်ပြကြသည်။
ဝိသိရ်ဆွလာသ်၏ အချိန်သည် အီရှာဆွလာသ်ပြီးနောက်မှ ဖဂျရ်မရောက်ခင် အချိန်အထိဖြစ်သည်။ ၎င်း၏ အရေအတွက်မှာ- အနည်းဆုံး (၁)ရကအသ်ဖြစ်ပြီး၊ အများဆုံး (၁၁)ရကအသ် ဖြစ်သည်။
التصنيفات
နဖ်လ်ဆွိယာမ်။