إعدادات العرض
“မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန်…
“မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ဒုတိယအချိန်၌သွားသောသူသည် နွားတစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ တတိယအချိန်၌သွားသောသူသည် ဦးချိုပါသောသိုးထီးတစ်ကောင် လှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ စတုတ္ထအချိန်၌သွားသောသူသည် ကြက်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ပဉ္စမအချိန်မှသွားသောသူသည် ဥတစ်လုံးလှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အိမာမ် ခွသ်ဗဟ်ဗဟ်ဟောကြားရန် ထွက်ခွာလာသည့်အခါ ကောင်းကင်တမန်တော်များရောက်လာကြပြီး ခွသ်ဗဟ်ကို နားထောင်ကြပေသည်။”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Kinyarwanda Українська Lietuvių አማርኛ Wolof Azərbaycan Malagasy ไทย मराठी ਪੰਜਾਬੀ دری Deutsch ភាសាខ្មែរ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် စောစောစီးစီးသွားခြင်း၏အကျိုးကုသိုလ်ကို ဤသို့အသိပေးမိန့်ကြားထားသည်။ ဂျုမုအဟ်နေ့ နေထွက်သည့်အချိန်မှစ၍ခွသ်ဗဟ် ပေးမည့်အိမာမ်ရောက်လာသောအချိန်အတောအတွင်း ရောက်လာသူတိုင်းအား စောစီးစွာရောက်သူဟုသတ်မှတ်ထားပြီး ယင်းအချိန်သည် ပျမ်းမျှအားဖြင့် ငါးချိန်ရှိသည်။ ယင်းအချိန်ငါးချိန်ကို နေထွက်သည့်အချိန်မှစ၍အိမာမ်ဗလီထဲဝင်သည်အထိ၊ ထို့နောက်ခွသ်ဗဟ်ပေးရန် မင်န်ဗရ်ပေါ်တက်ခြင်း စသည့်အချိန်များနှင့်အညီ အောက်ပါအတိုင်း အချိန်ငါးချိန်ခွဲပေးထားသည်။ ၁။ မည်သူမဆို ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း အပြည့်အဝရေချိုးပြီး ဂျုမုအဟ်ဆွလာသ်ဝတ်ပြုသောဗလီသို့ ပထမအချိန်၌ထွက်ခွါသွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၂။ ဒုတိယအချိန်၌သွားသောသူသည် နွားတစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၃။ တတိယအချိန်၌သွားသောသူသည် သိုးထီးတစ်ကောင် လှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၄။ စတုတ္ထအချိန်၌သွားသောသူသည် ကြက်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၅။ ပဉ္စမအချိန်မှသွားသောသူသည် ဥတစ်လုံးလှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အိမာမ်သည် သောကြာနေ့ခွသ်ဗဟ်မိန့်ခွန်းဟောကြားရန် ထွက်လာသောအခါ၊ ဗလီဝင်တံခါးများတွင်ထိုင်၍ဗလီသို့ ပထမ၊ ဒုတိယ၊ တတိယ အစဉ်အလိုက် ဝင်လာသူများ၏ကုသိုလ်ကို ရေးမှတ်နေသော မလာအိကဟ် ကောင်းကင်တမန်တော်များသည် ရေးမှတ်ခြင်းကို ရပ်တန့်ကာ အိမာမ်၏ခွသ်ဗဟ် မိန့်ခွန်းဟောကြားနေမှုကို နားထောင်ရန် လာရောက်ကြသည်။فوائد الحديث
ဂျုမုအဟ်သောကြာနေ့တွင် ဂျုမုအဟ်ဆွလာသ်တည်ရန် မသွားမီအလျင်ရေချိုးသန့်စင်ရန်တိုက်တွန်းထားသည်။
နံနက်ပိုင်း၏ပထမဦးပိုင်းအချိန်တွင် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်စောစောစီးစီးသွားခြင်း၏မွန်မြတ်မှုကိုဖော်ပြထားသည်။
မွန်မြတ်လှသောလုပ်ရပ်များကို စောလျင်စွာပြုလုပ်ရန်တိုက်တွန်းထားသည်။
မလာအိကဟ်ကောင်းကင်တမန်များသည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်နှင့် ခွသ်ဗဟ်နားထောင်ရန်လာရောက်ကြသည်။
ဗလီဝင်တံခါးများတွင် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်ပထမ၊ ဒုတိယ၊ တတိယ အစဉ်အလိုက်ရောက်လာသူတို့၏ကုသိုလ်ကို ရေးမှတ်ပေးသော မလာအိကဟ် ကောင်းကင်တမန်တော်များရှိသည်။
အိဗ်နုရဂျဗ် ကပြောသည်မှာ မည်သူမဆို ဂျုမုအဟ်နေ့၌ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါကဟုမိန့်ကြားထားသော မိန့်ကြားချက်မှသိရသည်မှာ ဂျုမုအဟ်နေ့တွင်ရေချိုးခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းသိရှိရပြီး ရေချိုးရမည့်အစဦးဆုံးအချိန်မှာ ဖဂ်ျရ်အချိန်ဖြစ်ပြီး နောက်ဆုံးအချိန်မှာ ဂျုမုအဟ်ဆွလာသ်ဝတ်ပြရန်မသွားမီအရင်ဖြစ်သည်။
