အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး…

အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး ခွသ်ဗဟ်ကိုဂရုစိုက်၍ငြိမ်သက်စွာနားထောင်ပါက သူနှင့် ရှေ့လာမည့်(ဆယ်ရက် ဆိုလိုသည်မှာ ဤဂျုမုအဟ်နှင့် နောက်လာမည့်) ဂျုမုအဟ်အပြင် အပိုသုံးရက်(စုစုပေါင်းဆယ်ရက်)အတွင်းရှိအကုသိုလ်များခွင့်လွှတ်ပေးခြင်းခံရ‌မည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး ခွသ်ဗဟ်ကိုဂရုစိုက်၍ငြိမ်သက်စွာနားထောင်ပါက သူနှင့် ရှေ့လာမည့်(ဆယ်ရက် ဆိုလိုသည်မှာ ဤဂျုမုအဟ်နှင့် နောက်လာမည့်) ဂျုမုအဟ်အပြင် အပိုသုံးရက်(စုစုပေါင်းဆယ်ရက်)အတွင်းရှိအကုသိုလ်များခွင့်လွှတ်ပေးခြင်းခံရ‌မည်။ အကြင်သူသည် (အလဟဿ )ကျောက်စ ရစ်ခဲများကိုင်ပါက သူသည် မှားယွင်းသည့်ကိစ္စရပ်ကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဝုဿူကို ဝုဿူ၏ရုကွန်အချက်များ၊ စွန္နသ်အချက်များ၊ အာဒါ‌ဗ်အချက်များကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ပြီးနောက် ခွသ်ဗဟ်မိန့်ခွန်း‌ပြောကြားသူ၏မိန့်ခွန်းကို ဂရုစိုက်၍ငြိမ်သက်စွာနားထောင်ကာ အမှားအယွင်းကျူးလွန်ခြင်းလည်းမရှိလျှင် အရှင်မြတ်သည် သူ့အား သူဆယ်ရက်အတွင်းကျူးလွန်သည့် အကုသိုလ်အသေးများကို ခွင့်လွှတ်ပေးမည်ဖြစ်သည်။ ယင်းဆယ်ရက်မှာ ဤဂျုမုအဟ်မှ နောက်ဂျုမုအဟ်ထိ ၇ရက်နှင့် အပိုသုံးရက်တို့ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ဆယ်ဆတိုးပွါးသွားသည် ဟူသောအချက်ကိုထောက်ရှု၍သူဆယ်ရက်အတွင်းကျူးလွန်မိသော အကုသိုလ်များခွင့်လွှတ်ပေးမည်ဟုဆိုထားခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခွသ်ဗဟ်၌ဟောကြားနေသော တရားတော်များကို အာရုံမစိုက်ဘဲနေခြင်း၊ ကျောက်စရစ်ခဲများဖြင့်ဆော့ကစားခြင်းကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့်အလဟဿကိစ္စများကို လုပ်ဆောင်ခြင်း၊ အခြားတစ်စုံတစ်ရာကိုလုပ်‌ဆောင်နေခြင်း၊ စသည့်အချည်းနှီးကိစ္စများကို ကျူးလွန်ခြင်းမှတားမြစ်ထားသည်။ ‌အကြောင်းမှာ ခွသ်ဗဟ်အချိန်၌အလ ဟဿကိစ္စများကို ပြုလုပ်ခြင်းသည် အမှားကျူးလွန်ခြင်းပင်ဖြစ်သည်။ အမှားအယွင်းတစ်စုံတစ်ရာကို ကျူးလွန်ခြင်းဖြင့် ဂျုမုအဟ်ဆွလာသ်၏ကု သိုလ်ကိုအပြည့်အဝရရှိတော့မည်မဟုတ်ပေ။

فوائد الحديث

ဟဒီးဆ်တော်၌ဝုဿူကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ရန်တိုက်တွန်းထားပြီး ဂျုမုအဟ်ဆွလာသ်ကို အမြဲတစေဝတ်ပြုရန်တိုက်တွန်းထားသည်။

ဂျုမုအဟ်ဆွလာသ်၏မွန်မြတ်မှုကို ဖော်ပြထားသည်။

ဂျုမုအဟ်ခွသ်ဗဟ်မိန့်ခွန်းကို ဂရုစိုက်၍နားမထောင်ဘဲ စကားပြော‌နေခြင်းစသည့်လုပ်ရပ်များကို မလုပ်ဆောင်ဘဲ ဂျုမုအဟ်ခွသ်ဗဟ်မိန့်ခွန်းကို ဂရုစိုက်၍ငြိမ်သက်စွာနားထောင်ရန်အရေးကြီးသည်။

ခွသ်ဗဟ်မိန့်ခွန်းပြောကြားနေစဉ်အမှားအယွင်းတစ်စုံတစ်ရာကို ကျူးလွန်သူ၏ဂျုမုအဟ်ဆွလာသ်သည် ဖရ်ဿွ်တာဝန်ကျေ‌သွားပြီး ဆွလာသ်အထမြောက်သွားသော်လည်း အကျိုးကုသိုလ်လျော့နည်းသွားမည်ဖြစ်သည်။

التصنيفات

ဂျုမုအဟ်ဆွလာသ်၏ ထွတ်မြတ်မှု။