إعدادات العرض
အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရပေ။
အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရပေ။
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
အဇာန်နှင့် အိကာမသ်၏ ကြားတွင် ဒုအာတောင်းခံခြင်း၏ မွန်မြတ်မှုနှင့် ထိုအချိန်၌ ဒုအာတောင်းခံခြင်းသည် ပယ်ချခြင်းမခံရဘဲ အလျင်အမြန် လက်ခံခြင်း ခံရတော်မူသည်ဟု တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မှ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။فوائد الحديث
ဤအချိန်တွင် ဒုအာတောင်းခံခြင်း၏ မွန်မြတ်မှု။
ဒုအာတောင်းသူသည် ဒုအာတောင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး၊ ဒုအာလက်ခံခြင်းခံရသည့် နေရာများနှင့် အချိန်များကို ထောက်ရှုလျက် ဒုအာတောင်းခံခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖီဆန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သံသယဖြစ်ဖွယ်ရာများမှ ကင်းဝေးခြင်းနှင့် အရှင်မြတ်အပေါ် အထင်မြင်ကောင်းထားခြင်းစသော အချက်များနှင့် ပြည့်စုံပါက၊ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် ၎င်း၏ဒုအာသည် လက်ခံခြင်းခံရမည်ဟု မျှော်လင့်ရသည်။
အလ်မုနာဝီက ဒုအာလက်ခံခြင်း ခံရခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်- ဒုအာ၏ စည်းကမ်းချက်များ၊ အခြေခံများနှင့် ရိုသေသမှုများကို ဂရုစိုက်လိုက်နာပါက ဒုအာလက်ခံခြင်းခံရသည်။ အကယ်၍ ယင်းတို့အနက်မှ တစ်စုံတစ်ရာ ချို့တဲ့ပါက ဒုအာလက်ခံခြင်း မခံရသည့်အတွက် မိမိကိုယ်ကိုသာ အပြစ်တင်ရမည်ဖြစ်သည်။
ဒုအာလက်ခံခြင်းခံရခြင်း၏ အဓိပ္ပာယ်မှာ လူသားအား ၎င်းတောင်းဆိုထားသောအရာကို ချက်ချင်းပေးတော်မူခြင်း (သို့မဟုတ်) ၎င်းတောင်းခံခဲ့သည့် ဒုအာနှင့် ညီမျှသော ဘေးအန္တရာယ်တစ်စုံတစ်ရာကို ၎င်းထံမှ ဖယ်ရှားပေးတော်မူခြင်း (သို့မဟုတ်) ၎င်း၏အာခိရသ်အတွက် သိမ်းဆည်းထားပေးတော်မူခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် အရှင်မြတ်၏ ကရုဏာတော်အပေါ် မူတည်သည်။
